NewsPolitic

သံတွဲမြို့ကို ညသန်း‌ခေါင် ဗုံးကြဲခံရလို့ ပြည်သူ ၈ ဦးခန့် ထိခိုက်ဒဏ်ရာရ

အာရက္ခတိုင်းမ်စ် (၂၄ ဇူလိုင် ၂၀၂၆)

ရက္ခိုင်ပြည် သံတွဲမြို့နယ်ကို ရွေးတုအစိုးရတပ်ဟာ ဒီကနေ့ မနက် (၁၂ နာရီခွဲခန့်) မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သားပြည်သူ ၈ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး နေအိမ်တချို့နဲ့ စာသင်ကျောင်း ပျက်စီးသွားတယ်လို့ သိရပါတယ်။

“ညသန်းခေါင်ကြီး လူတွေ အိပ်နေချိန်မှာ ဗုံး ၂ လုံးကြဲသွားတယ်။ မြို့ပေါ်က ဒိုးတောင်ကို ကျတယ်။ ရွှေရည်စားသောက်ဆိုင်ပေါ့။ အဲဒီနေရာကို ကျတာ” လို့ သံတွဲမြို့နယ်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

လက်ရှိမှာတော့ ရွေးတုအစိုးရတပ် ဗုံးကြဲတိုက်ခိုက်ခဲ့လို့ သံတွဲမြို့နယ်က အရပ်သားပြည် ၈ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပေမယ့် ၄ ဦးကိုတော့ နာမည်နဲ့ အသက် အတည်မပြုနိုင်သေးပါဘူး။ အတည်ပြုနိုင်တဲ့ အရပ်သားပြည်သူ ၄ ဦးကတော့ အသက် ၁၄ နှစ်အရွယ် မောင်ငယ်ငယ်လွင်၊ အသက် ၂၀ အရွယ် မသက်နှင်းခိုင်၊ အသက် ၂၄ နှစ်အရွယ် မဝါဝါ နဲ့ အသက် ၅၃ နှစ်အရွယ် ဒေါ်သီတာ ဖြစ်တယ်လို့ သိရပါတယ်။

အလားတူ ရွေးတုအစိုးရတပ်ဟာ ဒီကနေ့ မနက် ၁ နာရီကျော်မှာ သံတွဲမြို့နယ် ရေကောက်ကျေးရွာကို ဗုံး ၂ လုံး ထပ်မံ ကြဲချတိုက်ခိုက်ခဲ့လို့ စာသင်ကျောင်းလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဇူလိုင်လ ၂၃ ရက်ကလည်း ရွေးတုအစိုးရတပ်ဟာ ရက္ခိုင်ပြည် သံတွဲခရိုင် ငပလီမြို့ ဂျိတ်တောရပ်ကွက်ကို နေ့လည် ၁ နာရီကျော်က ဗုံး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့လို့ အရပ်သားပြည်သူ ၅ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ပါတယ်။
Photo – APM
(ဓာတ်ပုံများကို ပိုမိုကြည့်ရှုလိုပါက t.me/arakhatimes ကြည့်ရှုနိုင်ပါတယ်။ သွေးထွက်သံယိုပုံများ ပါဝင်ပါတယ်)

Related posts

မြောက်ဦးကို ဗုံးကြဲတာဟာ စစ်ကောင်စီရဲ့ စက်ဆုပ်ရွံရှာဖွယ်လုပ်ရပ်လို့ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ ဆို

Rakhita Times

အပင်စိုက်ပြီး အပင်ဖြစ်လာအောင် နောက်ဆက်တွဲ ဂရုစိုက်ဖို့ “စိမ်းလန်းစီ” တိုက်တွန်း

Rakhita Times

■ ပွဲဆူနေတဲ့ ထရမ့်ရဲ့ ငြိမ်းချမ်းရေးဘုတ်အဖွဲ့ ဆိုတာဘာလဲ

Rakhita Times

Leave a Comment