EnvironmentNewsPolitic

သံတွဲ လက်ပံစုရွာတွင်လည်း လေဆင်နှာမောင်းတိုက်လို့ အိမ် ၂၀ ကျော် ပျက်စီး

အာရက္ခတိုင်းမ်စ် (၆ ဇူလိုင် ၂၀၂၆)

ရက္ခိုင်ပြည် သံတွဲမြို့နယ် လက်ပံစုရွာတွင်လည်း ဇူလိုင်လ ၅ ရက် ည ၁၀ နာရီခန့်တွင် လေဆင်နှာမောင်း တိုက်ခိုက်လို့ ဒေသခံပြည်သူတွေရဲ့ နေအိမ် ၂၀ ကျော် ပျက်စီးသွားတယ်လို့ သိရပါတယ်။

“ လေကတော့ တော်တော်ပြင်းတာ၊ တစ်မြို့နယ်လုံးပဲ၊ ညနေ ၆ နာရီကျော်ကတည်းက တိုက်တာလေ။ မြို့ပေါ်တော့ သိပ်မသိသာပေမယ့် လေဆင်နှာမောင်း ဝင်သွားတဲ့ရွာတွေကတော့ အိမ်တွေ ပျက်စီးကုန်တယ်။ အပင်တွေ လဲတယ်။ ကျိုးတယ်။ အမြစ်ကကို ပြုတ်ထွက်ကုန်တယ်” လို့ သံတွဲမြို့နယ်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ဇူလိုင်လ ၅ ရက် ညနေဖက်မှာ တိုက်ခတ်ခဲ့တဲ့ လေဆင်နှာမောင်းဒဏ်ကြောင့် သံတွဲမြို့ ပတ်ဝန်းကျင်က ပြည့်ဝနဲ့ ဝါးနွယ်ပြင်ရွာက ဘုန်းတော်ကြီးကျောင်း၊ ဇရပ်၊ သိမ်၊ တန်ဆောင်း စတာတွေ ပျက်စီးသွားတယ်လို့လည်း သိရပါတယ်။

“ နှစ်ပေါင်းရာကျော် သက်တမ်းရှိတဲ့ ဗောဓိပင်ကြီး လဲသွားတာတော့ တော်တော်စိတ်မကောင်းဘူး။ ပြည့်ဝမှာပါ။ ဘုန်းကြီးကျောင်း ကျောင်းကြီးကတော့ သိပ်မပျက်စီးပေမယ့် ဇရပ်တို့ သိမ်တို့ တန်ဆောင်းတို့တော့ ပျက်စီးကုန်တယ်” လို့ သူက အာရက္ခတိုင်းမ်စ်ကို ဆက်ပြောပါတယ်။

အလားတူ ဇူလိုင်လ ၅ ရက် ညနေ ၆ နာရီခန့်က လေဆင်နှာမောင်းတိုက်ခတ်လို့ ရက္ခိုင်ပြည် သံတွဲမြို့နယ် ပိန်းတော်ကြီးရွာက ဒေသခံပြည်သူနေအိမ် ၄၅ လုံးခန့် ပျက်စီးသွားတယ်လို့ သိရပါတယ်။

ဓာတ်ပုံ – ပိုင်စိုး

Related posts

AA နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေ စစ်ကိုင်းမှာ စစ်ယာဉ်တန်းကို တိုက်ခိုက်၊ လက်နက်ခဲယမ်းများ ရရှိ

Rakhita Times

ဂွစစ်ရှောင် ၃ ဦးကို စကမက ရေကြည်တွင် ထောင် ၅ နှစ်ချ

Rakhita Times

စစ်တွေက ရဲတပ်သား ၂၀၀ ကျော်ကို စကမ ပြောင်းရွှေ့

Rakhita Times

Leave a Comment