EnvironmentNewsPolitic

မောင်တောတွင် ရေတိုက်စားလို့ လမ်းပြိုမှုတွေဖြစ်နေ

အာရက္ခတိုင်းမ်စ် (၁၀ ဇူလိုင် ၂၀၂၆)

ရက္ခိုင်ပြည် မောင်တောမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေတိုက်စားပြီး လမ်းပြိုမှုတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

“မောင်တော မြောက်ပိုင်က ကြိမ်ချောင်းမှာ ဖြစ်နေတာ၊ လမ်းမြေတွေ ရေတိုက်စားပြီး ပြိုကျနေတာ။ ဆက်ရွာရင် ဆက်ပြိုနေအုန်းမှာပဲ။ သွားလာရေးတော့ ခက်ခဲနေအုန်းမှာပေါ့” လို့ မောင်တောမြို့နယ်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

၂၀၂၅ ခုနှစ် ဇူလိုင်လကလည်း ရက္ခိုင်ပြည်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဘူးသီးတောင်-မောင်တော ကားလမ်း ပျက်စီးနေလို့ ကုန်တင်ကားကြီး သွားလာခွင့်ကို အာရက္ခတပ်တော်က ယာယီပိတ်ထားခဲ့ရပါတယ်။

ရက္ခိုင်မြောက်ပိုင်းတွင် ရက်ဆက် မိုးကြီးမှုဒဏ်ကြောင့် တောင်ပြို/မြေပြိုခြင်း ဘေးအန္တရာယ် အလွန်စိုးရိမ်နေရတယ်လို့ သိရပါတယ်။

“ရက္ခိုင်ပြည် မြောက်ပိုင်းနဲ့ ချင်းပြည်နယ် တောင်တန်းများတွင် ရက်ဆက် မိုးကြီးမှုဒဏ်ကြောင့် တောင်ပြို/မြေပြိုခြင်း ဘေးအန္တရာယ် အလွန်စိုးရိမ်ရပါတယ်” လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ဆိုပါတယ်။

ရက္ခိုင်ကမ်းရိုးတန်းနဲ့ ချင်းတောင်တန်းတစ်လျှောက် မုတ်သုံလေ တိုက်ရိုက် တိုးဝင်နေဆဲဖြစ်လို့ တစ်ပတ်တာလုံး မိုး အဆက်မပြတ် သည်းထန်စွာ ရွာသွန်းပြီး မိုးရေချိန် ၄၀၀ မီလီမီတာ ကျော်အထိ ရှိနေမယ်လို့လည်း သိရပါတယ်။
ဓာတ်ပုံ-ONN

Related posts

KIA ကိုသာထိန်းနိုင်ရင် AA ဟာ ထည့်တွက်စရာမလို‌လို့ ရွေးတု ကိုယ်စားလှယ် ဒေါက်တာကျော်ဆွေပြော

Rakhita Times

ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို စာဖတ်အားအကောင်းဆုံးနဲ့ အတက်ကြွဆုံး တော်လှန်ရေးခေါင်းဆောင်လို့ အိန္ဒိယ‌ သတင်းထောက် ဆို

Rakhita Times

အာရက္ခအားမာန် ရဲဘော်ကျော်ဟန် (၁၉-က)

Rakhita Times

Leave a Comment