HealthNewsPolitic

သွေးလွန်တုတ်ကွေးကြောင့် ၁ နှစ်ကျော်ကလေး အပါအဝင် ၃ ဦး သေဆုံး၊ ၁၅၅ ဦး ဆေးရုံတက် ကုသနေရ

အာရက္ခတိုင်းမ်စ် (၃၀ ဇူလိုင် ၂၀၂၆)

ရက္ခိုင်ပြည်တွင် ၂၀၂၆ ခုနှစ် ဒီကနေ့အထိ သွေးလွန်တုတ်ကွေးရောဂါကြောင့် ၁ နှစ်ကျော်ကလေးငယ် အပါအဝင် ၃ ဦး သေဆုံးခဲ့ပြီး ၁၅၅ ဦးအထိ ဆေးရုံတက် ကုသနေရတယ်လို့ သိရပါတယ်။

သွေးလွန်တုတ်ကွေးရောဂါကြောင့် ရက္ခိုင်ပြည် ရမ်းဗြဲမြို့နယ်က အသက် ၁ နှစ်နဲ့ ၅ လ ကလေးငယ် တစ်ဦးဟာ ဇွန်လ ၁၈ ရက်က သေဆုံးခဲ့ပြီး ဇူလိုင်လ ၈ ရက်မှာတော့ မြောက်ဦးမြို့နယ် ဝေသာလီရပ်ကွက်က အသက် ၂၇ နှစ်အရွယ် လူငယ်တစ်ဦးနဲ့ ဇူလိုင်လ ၉ ရက်မှာတော့ အသက် ၃၆ နှစ်အရွယ် လူရွယ်တစ်ဦး သေဆုံးခဲ့ပါတယ်။

၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁ ရက်ကနေ ဇူလိုင်လ ၃၀ ရက်အထိ သွေးလွန်တုတ်ကွေးရောဂါကြောင့် ဆေးရုံတက်ရောက် ကုသမှု ခံယူရသူ ၁၅၅ ဦး ရှိခဲ့တယ်လို့ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ထုတ်ပြန်ပါတယ်။

၂၀၂၅ ခုနှစ်ကလည်း ရက္ခိုင်ပြည်တွင်‌ သွေးလွန်တုတ်ကွေးရောဂါကြောင့် သေဆုံးသူ ၈ ဦးနဲ့ ရောဂါဖြစ်ပွားသူ ၂၄၅၂ ဦး ရှိခဲ့ပါတယ်။

အာရက္ခပြည်သူ့ကျန်းမာရေဌာနက ပြည်သူများအနေနဲ့ သွေးလွန်တုတ်ကွေးရောဂါလက္ခဏာများ ခံစားရပါက နီးစပ်ရာ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေးဝန်ထမ်းများနဲ့ ကုသမှုခံယူကြရန်၊ ကပ်ရောဂါပုံစံ ရောဂါဖြစ်ပွားမှုနဲ့ ကူးစက်ခံရရင် နီးစပ်ရာ မြို့နယ်ကျန်းမာရေးဌာန သို့မဟုတ် အုပ်ချုပ်ရေးဌာကတဆင့် အာရက္ခပြည်သူ့ကျန်းမာရေးဌာနကို သတင်းပေးပို့နိုင်သလို အာရက္ခပြည်သူ့ကျန်းမာရေးဌာနရဲ့ @AHDCentralOffice Telegram Account ကို သတင်း ပေးပို့နိုင်တယ်လို့လည်း သိရပါတယ်။

Related posts

ဘင်္ဂလားကနေ စကမ ထိန်းချုပ်နယ်မြေ စစ်တွေကို မူးယစ်ဆေးသယ်လာတဲ့ ဘုတ် ၂ စီး AA ဖမ်းဆီးရမိ

Rakhita Times

စစ်တွေရဲ့ နောက်ဆုံး ခံတပ်ဖြစ်တဲ့ ရွှေမင်းဂံနဲ့ ဒကစ အထိ တိုက်ပွဲတွေ ပြင်းထန်နေ

Rakhita Times

ရက္ခိုင်ရှိ ကျန် ၃ မြို့ကို အမြန်ဆုံးသိမ်းပိုက်နိုင်အောင် လုပ်ရန်လို

Rakhita Times

46 comments

Leave a Comment