NewsPolitic

လေးမျက်နှာကို ရွေးတုတပ်ဗုံးကြဲလို့ ရက္ခိုင်စစ်ရှောင် သားအဖ ပွဲချင်းပြီး သေဆုံး

အာရက္ခတိုင်းမ်စ် (၈ စက်တင်ဘာ ၂၀၂၆)

ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ်ကို ရွေးတုအစိုးရတပ်က စက်တင်ဘာလ ၅ ရက် မနက် ၅ နာရီလောက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ရက္ခိင်ပြည် ဂွမြို့နယ်ကနေ စစ်ရှောင်လာနေတဲ့ သားအဖနှစ်ဦး ပွဲချင်းပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။

“လေးမျက်နှာမြို့နယ် ရက္ခိုင်အစပ်က ပန်းတောကြီးရွာကို ဗုံးကြဲခံလိုက်ရတာ။ သူတို့သားအဖက ရက္ခိုင်က စစ်‌ရှောင်လာနေကြတာ။ ဂွကလို့ ပြောတယ်။ ပွဲချင်းပြီးကို ဆုံးသွားတာ” လို့ လေးမျက်နှာမြို့နယ်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ရွေးတုအစိုးရတပ် ဗုံးကြဲတိုက်ခိုက်လို့ သေဆုံးသွားသူတွေကတော့ ရက္ခိုင်ပြည် ဂွမြို့နယ်က အသက် ၆၀ အရွယ် ဦးလှရွှေနဲ့ အသက် ၃၀ အရွယ် ကိုမင်းထွေး ဖြစ်တယ်လို့ သိရပါတယ်။

“ကျတာက ပန်းတောကြီးရွာထဲတော့ မဟုတ်ဘူး။ ရွာပြင်ပေါ့။ စစ်ရှောင်တွေ ယာယီတဲထိုးနေတဲ့ နေရာ‌ပေါ့။ အဲဒီက လာကြဲတာလေ။ စစ်ရှောင်တွေနေတဲ့ အိမ် ၄ လုံးလောက်လည်း ပျက်စီးသွားတယ်” သူက အာရက္ခတိုင်းမ်စ်ကို ဆက်ပြောပါတယ်။

ရွေးတုအစိုးရတပ် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ် ပန်းတောကြီးကျေးရွာဟာ အာရက္ခတပ်တော်နဲ ပူးပေါင်းမဟာမိတ်တပ်တို့ ပူးပေါင်း သိမ်းပိုက် ထိန်းချုပ်ထားတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။

အလားတူ ရွေးတုအစိုးရတပ်ဟာ မေလ ၄ ရက်ကလည်း ဧရာဝတီတိုင်း ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ်က ပန်းတောကြီးနဲ့ စက်စက်ယိုရွာကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့ပါတယ်။
ဓာတ်ပုံ – ပုံဟောင်း

Related posts

ရှမ်းမြောက်တိုက်ပွဲတွင် လားရှိုးမြို့က အခြေအနေ အဆိုးဆုံးဟုဆို

Rakhita Times

AA ထိန်းချုပ်တဲ့ ၄ မြို့နယ်မှာ စကမ က ရွေးကောက်ပွဲ မဖြစ်ဖြစ်အောင် လုပ်လာနိုင်

Rakhita Times

တကျော့ပြန် တိုက်ပွဲအတွင်း စစ်ကောင်စီကြောင့် ရက္ခိုင်ပြည်သူ ၉၂၆ ယောက်သေဆုံး

Rakhita Times

Leave a Comment