NewsPolitic

စစ်မှုထမ်းရန်လာတဲ့ ကလေး ၂ ဦးနဲ့ ကျန်းမာရေးမကောင်းသူ ၁ ဦး မိဘထံ AA ပြန်လည်အပ်နှံ

အာရက္ခတိုင်းမ်စ် (၈ စက်တင်ဘာ ၂၀၂၆)

ရက္ခိုင်ပြည် ကျောက်တော်မြို့နယ်က အသက်မပြည့်သေးတဲ့ အသက် ၁၃ နှစ်အရွယ် ကလေးတစ်ဦး အသက် ၁၆ နှစ်အရွယ် ကလေးတစ်ဦးနဲ့ ကျန်းမာရေးမကောင်းသူ လူငယ်တစ်ဦးကို စက်တင်ဘာလ ၇ ရက်တွင် မိဘတွေထံ ပြန်လည် အပ်နှံလိုက်တယ်လို့ သိရပါတယ်။

အာရက္ခတပ်တော်ထံ မိမိဆန္ဒအလျောက် စစ်မှုထမ်းရန် လာရောက်သူမှာ ရက္ခိုင်ပြည် ကျောက်တော်မြို့နယ် ပြင်လှရွာနေ အသက် ၁၃ နှစ်အရွယ် ဦးသာဇံရဲ့ သားဖြစ်သူ မောင်ဝေယံမင်းနဲ့ အသက် ၁၆ နှစ်အရွယ် ဦးမောင်လှဝင်းရဲ့ သားဖြစ်သူ မောင်မင်းစိုးနိုင်ဖြစ်ပြီး ဆေးမအောင်သူကတော့ အသက် ၂၀ အရွယ် ဦးညီမောင်ချေရဲ့ သားဖြစ်သူ ကိုထွီးချေ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ကလေး ၂ ဦးနဲ့ လူငယ် ၁ ဦးဟာ အာရက္ခတပ်တော်ထံ စစ်မှုထမ်းဆောင်ရန် မိမိဆန္ဒအလျောက် သြဂုတ်လ ၃၁ ရက်က လာရောက်ခဲ့ကြတာလို့လည်း သိရပါတယ်။

စက်တင်ဘာလ ၄ ရက်ကလည်း ရက္ခိုင်ပြည် ကျောက်တော်မြို့နယ်က အသက်မပြည့်သေးတဲ့ အသက် ၁၃ နှစ်အရွယ် ကျောင်းသား ကလေးငယ်တစ်ဦးဟာ မိမိဆန္ဒအလျောက် အာရက္ခတပ်တော်ထံ စစ်မှုထမ်းရန်လာ‌ရောက်ရာ အသက်မပြည့်သေးလို့ အာရက္ခတပ်တော် တာဝန်ရှိသူတွေက မိဘတွေထံ အပ်နှံခဲ့ပါတယ်။

ထို့အတူ စက်တင်ဘာလ ၁ ရက်ကလည်း စစ်မှုထမ်းရန် လာရောက်တဲ့ မြောက်ဦးမြို့နယ်က အသက် ၁၃ နှစ်အရွယ် ကလေးငယ်တစ်ဦးကိုလည်း အာရက္ခတပ်တော်က မိဘတွေထံ ပြန်လည် အပ်နှံခဲ့ပါတယ်။

အလားတူ သြဂုတ်လ ၁၉ ရက်မှာလည်း အရက္ခတပ်တော်ထံ မိမိ ဆန္ဒအလျောက် စစ်မှုထမ်းရန် လာရောက်တဲ့ သက်ငယ်ကလေးတစ်ဦးကို မိဘတွေထံ ပြန်လည် အပ်နှံခဲ့ပါတယ်။

သြဂုတ်လ ၁၈ ရက်ကလည်း မိမိ ဆန္ဒအလျောက် စစ်မှုထမ်းရန် လာရောက်တဲ့ အသက်မပြည့်သေးတဲ့ ကလေးငယ် ၃ ဦးကို မိဘများထံ အာရက္ခတပ်တော်က ပြန်လည် အပ်နှံခဲ့ပါသေးတယ်။

Photo – Arakan Princess Media

Related posts

AA စစ်ဦးစီးချုပ် နဲ့ မွတ်ဆလင်ခေါင်းဆောင်များ တွေ့ဆုံအပြီးတွင် မောင်တောမြို့မဗလီ ဖွင့်လှစ်

Rakhita Times

မနက်ဖြန်ကစပြီး ရန်ကုန်ကနေ မာန်အောင်နဲ့ ကျောက်ဖြူကို တပတ် ၃ ရက် လေယာဉ်ပြေးဆွဲမည်

Rakhita Times

ရက္ခိုင်ကို ပို့ဆောင်မယ့် ဒီဇယ်ဆီ လီတာ ၆၀၀၀ ကျော်ကို BCG ဖမ်းဆီး

Rakhita Times

Leave a Comment