NewsPolitic

ပန်တိုဂျာကို အနိုင်ယူပြီး ချန်ပီယံခါးပတ် ဒုတိယအကြိမ် ကာကွယ်လိုက်တဲ့ ဗန်

အာရက္ခတိုင်းမ်စ် (၂၀ စက်တင်ဘာ ၂၀၂၆)

UFC Flyweight ချန်ပီယံ ဂျော့ရှုဝါဗန်ဟာ ချန်ပီယံဟောင်း ပန်တိုဂျာကို ဒိုင်အဆုံးအဖြတ်နဲ့ အနိုင်ယူပြီး ချန်ပီယံခါးပတ်ကို ဒုတိယအကြိမ်မြောက် အောင်မြင်စွာ ကာကွယ်သွားနိုင်ခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျယ်လိစ်မှာ ကျင်းပခဲ့တဲ့ UFC 331 ပြိုင်ပွဲရဲ့ ခေါင်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပြီး ပွဲစဉ်တစ်လျှောက် ပန်တိုဂျာက ဗန်ကို လှဲချကာ ချုပ်ကွက်တွေနဲ့ အသာစီးရဖို့ ကြိုးစားခဲ့သလို ဗန်ကလည်း မတ်တပ်ရပ် လက်သီးတွဲဆိုင်းတွေကို အဓိက အသုံးပြုပြီး တုံ့ပြန်ခဲ့ပါတယ်။

ပွဲအပြီး ၅ ချီမြောက်မှာ ဗန်က ပန်တိုဂျာကို ချုပ်ကွက်နဲ့ ပွဲသိမ်းဖို့ ကြိုးပမ်းခဲ့ပေမဲ့ အဆင်မပြေခဲ့ပါဘူး။

အသက် ၃၆ နှစ်ရှိပြီဖြစ်သူ ချန်ပီယံဟောင်း ပန်တိုဂျာဟာ ဗန်နဲ့ ပထမအကြိမ် တွေ့ဆုံစဉ်က ဒဏ်ရာရရှိခဲ့တာကြောင့် ခါးပတ် လက်လွှတ်ခဲ့ရတာဖြစ်ပြီး ယခု ဒုတိယမြောက် မကြေပွဲမှာလည်း ထပ်မံ ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။

UFC သမိုင်းမှာ ဒုတိယ အသက်အငယ်ဆုံး ချန်ပီယံလည်းဖြစ်၊ အာရှရဲ့ ပထမဆုံး အမျိုးသား ချန်ပီယံလည်းဖြစ်တဲ့ ဂျော့ရှုဝါဗန်ဟာ UFC Flyweight ဝိတ်တန်းရဲ့ ချန်ပီယံတစ်ဦး ဖြစ်ကြောင်း ဒီပွဲနဲ့ ထပ်မံ သက်သေပြလိုက်နိုင်ခဲ့ပါပြီ။
Photo Credit: Zuffa LLC / Getty Images

Related posts

ကျေက်ဖြူစစ်ရှောင်စခန်းတခုတွင် လူသတ်မှုဖြစ်ပွား

Rakhita Times

‎ရန်ကုန်မှာ ငွေကျပ် ၂၅၇ ဘီလီယံကျော် မူးယစ်ဆေးဝါး ဖမ်းမိ၊ AA က ဗိုလ်မှူးကို ဖြတ်သန်းခပေးပြီး ရက္ခိုင်နဲ့ မလေးရှားကို ပို့လို့ စစ်ကော်မရှင်စွပ်စွဲ‎

Rakhita Times

တကျော့ပြန်တိုက်ပွဲအတွင်း စစ်ကော်မရှင်ကြောင့် ရက္ခိုင်က ကလေးငယ် ၁၈၄ ဦး သေဆုံးခဲ့

Rakhita Times

Leave a Comment