BusinessEnvironmentNewsPolitic

ဘူးသီးတောင်-မောင်တော ကားလမ်းပျက်စီးလို့ ကုန်တင်ကား သွားလာခွင့် AA ယာယီတားမြစ်

အာရက္ခတိုင်းမ်စ် (၂၈ ဇူလိုင် ၂၀၂၅)

ရက္ခိုင်ပြည်တွင် မိုးသည်းထန်စွာ ရွာသွန်းလို့ ဘူးသီးတောင်-မောင်တော ကားလမ်း ပျက်စီးနေသဖြင့် ကုန်တင်ကားကြီး သွားလာခွင့်ကို အာရက္ခတပ်တော်က ယာယီပိတ်ထားတယ်လို့ သိရပါတယ်။

“ဇွန်လကတည်းက မိုးက မပျက်ဘူး။ ဒီလလည်း တောက်လျောက် သည်းသည်းမဲမဲကို ရွာတော့ မိုးရေတိုက်စားပြီး မြေပြိုတာတွေ၊ မြေချိုင့်တာတွေ၊ စတာတွေ ဖြစ်လို့ အန္တရာယ်ရှိလို့ ခဏ သွားလာခွင့် ပိတ်ထားတာပါ” လို့ ဘူးသီးတောင်မြို့ ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

လက်ရှိမှာ ကုန်တင်ကားကြီးတွေကို သွားလာခွင့် ပိတ်ထားပေမယ့် သုံးဘီး၊ ဆိုင်ကယ်၊ လိုက်ထရပ် စတဲ့ ယာဉ်ငယ်တွေကိုတော့ သွားလာခွင့် ပြုထားတယ်လို့ သိရပါတယ်။

အာရက္ခတော်လှန်ရေးအစိုးရအနေနဲ့ ဘူးသီးတောင် – မောင်တော သွားလမ်းက ပျက်စီးနေတဲ့လမ်းပိုင်းတွေကို ပြန်လည်ပြုပြင်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။

ဘူးသီးတောင်-မောင်တော ကားလမ်းဟာ ၁၆ မိုင်ခန့် ရှည်လျားပြီး ဘင်္ဂလားဒေ့ရှ်နဲ့ ကုန်သွယ်ရေးလမ်းကြောင်းမှာ တည်ရှိတဲ့အတွက် ပြည်သူတွေ သွားလာအသုံးပြုမှုများတဲ့ ကားလမ်းတစ်ခုလည်း ဖြစ်ပါတယ်။

Photo – Narinjara

Related posts

မြောက်ဦးတွင် သုံ့ပန်း ၂၀၀ နီးပါး AA လွှတ်ပေး၊ တပ်ရင်းမှူးကတော်ပါ ပါဝင်

Rakhita Times

တပ်မှူးချုပ် ထွန်းမြတ်နိုင်၏ ၄၆ နှစ်ပြည့် မွေးနေ့အပေါ် အာရက္ခပြည်သူတို့ရဲ့ ဆုတောင်းသံများ

Rakhita Times

ကျောက်တော်ကို ရွေးတုအစိုးရ ဗုံးကြဲနေ(Breaking News)

Rakhita Times

1,230 comments

Leave a Comment