NewsPolitic

တရုတ်နယ်စပ် ခေါင်လန်ဖူးရှိ ရွေးတုတပ် ဗျူဟာစခန်းကို KIA ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်

အာရက္ခတိုင်းမ်စ် (၂၀ စက်တင်ဘာ ၂၀၂၆)

ကချင်ပြည်၊ ခေါင်လန်ဖူးမြို့နယ်၊ နယ်ခြားမှတ်တိုင် (၃၀) အနီးမှာရှိတဲ့ ရွေးတုအစိုးရတပ်ရဲ့ အရေးပါတဲ့ ဗျူဟာစခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်တွေက စက်တင်ဘာလ ၁၈ ရက် မွန်းလွဲပိုင်းမှာ တိုက်ခိုက် သိမ်းပိုက်လိုက်တယ်လို့ ဒေသစစ်ရေး သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

တရုတ်-မြန်မာနယ်စပ် အမတ်ပေါ်ဒေသရှိ အဆိုပါ ဗျူဟာစခန်းကို KIA နဲ့ ပူးပေါင်းတပ်တွေက ၂ လနီးပါးကြာ တိုက်ခိုက်ခဲ့ပြီးမှ သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ တိုက်ပွဲအတွင်း ရွေးတုအစိုးရတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှု ရှိခဲ့သလို လက်နက်ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ စခန်းဟာ စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ (၁၃၇)၊ ခလရ (၂၈၀) နဲ့ ပြည်သူ့စစ် အမြောက်အမြား ပူးပေါင်း တပ်စွဲထားတဲ့ စခန်းဖြစ်ပြီး ရဟတ်ယာဉ် ဆင်းသက်နိုင်တဲ့ ကွင်းပါ ဖောက်လုပ်ထားတဲ့ အရေးပါတဲ့ စခန်းတစ်ခုလည်း ဖြစ်ပါတယ်။

ဒီစခန်းကို တော်လှန်ရေး ပူးပေါင်းတပ်တွေ ကင်းစင်အောင် သိမ်းပိုက်နိုင်ခဲ့တာကြောင့် ဒေသတွင်း ရွေးတုအစိုးရတပ်တွေရဲ့ ထောက်ပံ့ရေးလမ်းကြောင်း ပြတ်တောက်သွားနိုင်ပြီး စစ်ရေးအရ အသာစီး ရသွားနိုင်တယ်လို့ စစ်ရေးသတင်းရင်းမြစ်အချို့က သုံးသပ်ထားကြပါတယ်။

စခန်းသိမ်းပိုက်နိုင်ခဲ့တဲ့ အသေးစိတ် အခြေအနေတွေနဲ့ ပတ်သက်လို့ တော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ ရွေတုအစိုးရတပ်ဘက်ကတော့ တစ်စုံတစ်ရာ တရားဝင် သတင်းထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

Related posts

စစ်တွေတိုက်ပွဲ ၃ ရက် ဆက်တိုက် ပြင်းထန်နေ

Rakhita Times

စစ်ကောင်စီရဲ့ မိုင်းကြောင့် ထိခိုက်သူ နေ့စဉ်ရှိနေ

Rakhita Times

အစိုးရသစ်က တစုံတစ်ရာ အသက်ရှူချောင်နိုင်ပေမယ့် ထင်သလောက် မလွယ်ကူ

Rakhita Times

Leave a Comment