NewsPolitic

ပန်းနီလာစစ်ရှောင်စခန်းကို ဂျက်နှစ်စီးနဲ့ လာရောက် တိုက်ခိုက်(Breaking News)

အာရက္ခတိုင်းမ်စ် (၅ အောက်တိုဘာ ၂၀၂၆)

ရက္ခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ်က ပန်းနီလာစစ်ရှောင်စခန်းကို စစ်ကောင်စီတပ်က ဒီကနေ့ မနက် ၁၀ နာရီခန့် အချိန်မှာ ဂျက်ဖိုက်တာ ၂ စီးနဲ့ လာရောက် ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

“၄ ကြိမ်လောက်ကို လာချတာ။ အားလုံး ၆ လုံးလောက် ပေါက်ကွဲသံ ကြားရတယ်။ အသေအပျောက် အထိအခိုက်တော့ မသိ‌သေး” လို့ ကျောက်တော်မြို့နယ်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အလားတူ စစ်ကောင်စီတပ်ဟာ ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ သရက်ချိုနဲ့ ယိုးငူကျေးရွာကြားရှိ ယိုးငူ၊ ဗျာလ စစ်ဘေးရှောင်စခန်းကိုလည်း အောက်တိုဘာလ ၄ ရက် ညနေ ၅ နာရီ ၁၀ မိနစ်ခန့်တွင် ဂျက်တိုက်လေယာဉ် ၂ စီးနဲ့ ရှေ့ဆင့် နောက်ဆင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

အဆိုပါ တိုက်ခိုက်မှုကြောင့် နေအိမ်များနဲ့ ဈေးဆိုင်အများအပြား ပျက်စီး မီးလောင်သွားခဲ့ပြီး လက်ရှိအချိန်အထိ စစ်ဘေးရှောင် အပြစ်မဲ့ အရပ်သားပြည်သူ ၇ ဦး သေဆုံးကာ ဒဏ်ရာရရှိသူများလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အာရက္ခတပ်တော်အနေနဲ့ အသေးစိတ် သတင်းကို ဆက်လက်ထုတ်ပြန်ပေးသွားမယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။

Related posts

ရွေးတုအစိုးရရဲ့ ထိုးစစ်တိုင်းကို ဆင့်ကဲကွပ်ကဲမှု ကောင်းကောင်းနဲ့ တိုက်နိုင်ခဲ့တယ်လို့ AA ဆို

Rakhita Times

သံတွဲမှာ မိုင်း တက်နင်းမိလို့ အမျိုးသားတဦး ခြေတဖက်ပြတ်

Rakhita Times

AA က KIA နဲ့အတူ ကချင်နဲ့ စစ်ကိုင်းမှာ ကူတိုက်ပေးနေ

Rakhita Times

Leave a Comment