အာရက္ခတိုင်းမ်စ် (၇ နိုဝင်ဘာ ၂၀၂၆)
ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ မိုင်းယု (၁၀၅) မိုင် ညီနောင်မဟာမိတ် အုပ်ချုပ်ရေးဒေသအတွင်းက ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ဒေသခံပြည်သူတွေကို အာရက္ခတပ်တော် (AA) ရဲ့ FDMR မီးနဂါးစစ်ဒေသက ဒီကနေ့ နိုဝင်ဘာလ ၇ ရက် နံနက်ပိုင်းကစပြီး ဆန် ၂,၂၀၀ ပြည် လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရပါတယ်။
ဒီလှူဒါန်းမှုကို ဒီကနေ့မှာ ကျရောက်တဲ့ AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ အသက် ၄၈ နှစ်ပြည့် မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ပြုလုပ်တာလို့လည်း သိရတယ်။
မိုင်းယု (၁၀၅) မိုင် ကော်မတီရုံးမှာ မီးနဂါးစစ်ဒေသ ရဲမှူးကိုယ်တိုင် ဦးဆောင်ပြီး ဆန် ၁၀ ပြည်ပါ အိတ် ၂၂၀ ကို ဒေသခံတွေကို ပေးအပ်ခဲ့တာလည်း ဖြစ်ပါတယ်။
AA က ၂၀၀၉ ခုနှစ် ဧပြီလမှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး ဗိုလ်ချုပ်ထွန်းမြတ်နိုင်က AA ကို ဦးဆောင်လာသူလည်း ဖြစ်ပါတယ်။
AA က ရက္ခိုင်ပြည်နယ် မြို့နယ် ၁၇ ခုအနက် ၁၄ ခုကို ထိန်းချုပ်ထားပြီး စစ်တွေ၊ ကျောက်ဖြူမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။
