နပခ ရုံးစိုက်ထားတဲ့ အမ်းမြို့ဆိုတာ..
အာရက္ခတိုင်းမ်စ် (၂၉-အောက်တိုဘာ-၂၀၂၄)
◼️
“အမ်းနဲ့ ဒလက် မပျက်အိမ်ခြေ ကိုးကုဋေ” လို့ ဆိုရိုးစကားရှိတယ်…။ ဆိုလိုရင်းက စစ်ဖြစ်ရင်အောင် အမ်းနဲ့ ဒလက်မှာရှိတဲ့ အိမ်ခြေ ကိုးကုဋေလောက် မပျက်တဲ့ သဘော..။ အဲဒီ အယူရှိလို့ ထင်တယ်..။ စစ်တွေမှာ အခြေစိုက်ခဲ့တဲ့ အနောက်ပိုင်းစစ်ဌာနချုပ်ကို ၂၀၀၀ခုနှစ်က အမ်းကို ပြောင်းခဲ့တယ်.။ နပခအောက်မှာ စစ်ဆင်းကွက်ကွဲရေး (စကခ) (၃)ခုနဲ့ ဒေသကွက်ကဲရေး(ဒကစ – စစ်တွေ) ၁ခုတို့ ရှိတယ်..။ ရေတပ်ဌာနချုပ် ၂ခုနဲ့ နယ်ခြားစောင့်ဌာနချုပ်(ကျီးကန်းပြင်)တို့ ပါဝင်တယ်..။ ပလက်ဝမြို့နယ်ဘက်ထိကို ကွက်ကဲရတယ်..။
◼️
“အမ်းနဲ့ ဒလက် မပျက်အိမ်ခြေ ကိုးကုဋေ” စကားမှာ ပါတဲ့ ဒလက်ကတော့ တောဟိန်းတောင်ဗျူဟာ အခြေစိုက်ပြီးတော့ ရန်ကုန်-စစ်တွေ ကားလမ်းနဲ့ ဒလက်ချောင်းကို စီးမိုးထားပြီးတော့ နပခ ကို အဓိက ကာကင်းဗျူဟာဖြစ်တယ်..။ အခုတော့ စစ်ဝါစဉ်ထဲကနေ ပယ်ထုတ်လိုက်လိုက်လို့ ရပြီဖြစ်တယ်..။ အဲဒီတောဟိန်းတောင် ဗျူဟာမှာ တောင်ကုတ်မြို့အခြေစိုက်တဲ့ စကခ-၅က ဗိုလ်မှူးချုပ်အဆင့်ရှိတဲ့ တပ်မမှူးတောင် အဲဒီတိုက်ပဲမှာ သေဆုံးခဲ့တယ်လို့ သိရတယ်..။ တောဟိန်ုးတောင်ဗျူဟာ ရှုံးတော့ ချက်ချင်းပဲ မဲတောင်ဗျူဟာကို တည်ပြီးတော့ အေအေစစ်ဦးကို ကာကွယ်ဖို့ လုပ်ခဲ့တယ်..။ မဲတောင်ဗျူဟာလည်း ရှုံးသွားခဲ့တယ်.,။ အခုတော့ အမ်း နပခမှာ စစ်မီးတောက်နေပြီ..။
◼️
အမှန်က အမ်းမြို့ဟာ..ရိုးမတောင်ခြေရင်းက တောင်ပူစာတွေထက်မှာ တည်ထားတဲ့မြို့ဖြစ်တယ်..။ မြို့ဆိုပေမယ့် လူနေရပ်ကွက်က ဟိုတစ်စု သည်တစ်စု၊ အကွဲကွဲ အပြားပြား။ အမှန်က အမ်းမြို့နယ်ထဲက တပ်တောင်မြို့လောက်တောင် မြို့ မမည်ဘူး။ တိုင်းမြို့ဖြစ်တဲ့အတွက် စစ်တပ်က ခြေချင်းလိမ်နေတယ်.။ လူဦးရေ တစ်သောင်းလောက်သာ နေထိုင်ကြတဲ့ မြို့ဖြစ်တယ်..။ စာပေတွေထဲမှာတော့ အမ္ပနဒီချောင်းကို မှီလို့ အမ္ပဝတီ လို့ ခေါ်ဆိုပြီး အမ်းမြို့တွင်း ခေါ်တယ်.။ “ရခိုင်ပြည်မှာ ဝမ်း၊ ပြည်မှာ အမ်း”လို့လည်း ဆိုရိုးစကားရှိတယ်.။ ရခိုင်ပြည်မှာ မြေဧရိယာ အကျယ်ဝန်းဆုံး မြို့နယ်လည်း ဖြစ်တယ်..။
◼️
အမ်းကို ကားလမ်းနဲ့ဆိုရင် အမ်း-တပ်တောင်၊ အမ်း-မြေပုံ၊ အမ်း- မအီ၊ အမ်း – မင်းဘူး ဆိုပြီးတော့ အဝင်လည်း လေးလမ်းရှိတယ်..။ ရန်ကုန်-စစ်တွေ ကားလမ်းကြီးတဲ့ ဆုံမှတ်လမ်းဆုံကြီး။ ရခိုင်က ဗမာပြည်ဘက်ကို သွားမယ့်ဆိုရင် အဓိက ဝင်ပေါက် ထွက်ပေါက်ဖြစ်တယ်.။ ရေလမ်းကဆိုရင် တပ်တောင်မြို့မှာလောက်ပဲ သင်္ဘောတွေ ဝင်ထွက်လို့ ရပြီး အမ်းမြို့ကို မရောက်ဘူး။ လေယဉ်ကွင်းရှိတယ်ဆိုပေမယ့် အရပ်ဘက်က လူတွေထက် စစ်အရာရှိကြီးတွေ နေပြည်တော်နဲ့ သွား လာဖို့ လုပ်ထားတာပဲ ဖြစ်တယ်..။
◼️
အမ်းမြို့မှာ လေယဉ်ကွင်းကို ဗဟိုပြုပြီးတော့ နပခရုံးချုပ် ပတ်ပတ်လည်လည်ကို တည်ပြီးတော့ တခြားစစ်တပ်တွေနဲ့ ဝိုင်းရံထားတယ်..။ အမ်းမြို့မှာ ခမရ ၃၇၁၊ ခမရ ၃၇၂၊ ခမရ ၃၇၃ တို့ရှိတယ်..။ အမတ ၃၇၄ အမြောက်တပ်ရင်း တို့အပြင် အမှတ်၂ ကုတင် ၃၀၀ တပ်မတော်စစ်ဆေးရုံ၊ အမှတ် ၉၄၆ ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲ (GE)၊ အမှတ် ၃၄၅ စက်လက်နက်ပစ္စည်းတပ်ခွဲ၊ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)၊ အမှတ် ၇၅၇ အလုပ်ရုံတပ်ခွဲ(လျှပ်စစ်)၊ အမှတ် ၈ အဆင့်မြင့်ဆက်သွယ်ရေးတပ်ရင်း၊ အမှတ် ၉၂၆ ထောက်ပံ့နဲ့ပို့ဆောင်ရေးတပ်ခွဲတို့၊ အမှတ် ၉၁၉ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း(BE) ၊ အမှတ် ၁၀ တပ်ထိန်းတပ်ခွဲတို့ တည်ရှိတယ်..။
◼️
စက်တင်ဘာလကစတင်ပြီးတော့ အမ်းမြို့ကို အေအေက ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်းနေပြီး အေအေဘက်က တရားဝင် မထုတ်ပြန်သေးပေမယ့် တပ်ရင်းအချို့နဲ့ စခန်းတချို့ကတော့ သိမ်းထားနိုင်တယ်လို့ သိရတယ်။ နပခတိုင်းရုံးတောင် ကစင်ကလျား ထွက်ပြေးနေရတယ်လို့ သတင်းတွေ ထွက်ပေါ်နေတယ်..။ လက်ရှိ အေအေရဲ့ တိုက်ရည် ခိုက်ရည်နဲ့ဆိုရင် စစ်ဝါစဉ်စာအုပ်ထဲမှာ နပခကိုလည်း ချန်ထားခဲ့ရတော့မယ်လို့ မြင်မိတယ်..။
ဝေဟင်အောင်
29/10/2024

5 comments
отдать обувь в химчистку химчистка обуви кроссовки
обзор проекторов интернет-магазин проекторов в Москве
стили мужских костюмов костюм мужской классический купить
Играешь в казино? up x официальный сайт Слоты, рулетка, покер и live-дилеры, простой интерфейс, стабильная работа сайта и возможность играть онлайн без сложных настроек.
Данный ресурс содержит кракен официальный маркетплейс ссылки на все актуальные зеркала