မူးယစ်ဆေးဝါး ဟူသမျှကို ပြင်းပြင်းထန်ထန် ဆန့်ကျင်တယ်လို့ ဦးခိုင်သုခ ပြော
အာရက္ခတိုင်းမ်စ် (၂၃ သြဂုတ် ၂၀၂၅) လူ့အဖွဲ့အစည်းကို အန္တရာယ်ပြုမယ့် မူးယစ်ဆေးဝါးဟူသမျှကို ပြင်းပြင်းထန်ထန် ဆန့်ကျင်တယ်လို့ အာရက္ခတပ်တော် ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက တုန့်ပြန် ပြောဆိုလိုက်ပါတယ်။ “ ကျနော်တို့ ULA/AAအနေနဲ့ကတော့ ဒီလို လူ့အဖွဲ့အစည်းကို အန္တရာယ်ပြုမယ့် မူးယစ်ဆေးဝါးဟူသမျှကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ပါတယ်၊ လုံးဝပါတ်သက်မှု မရှိပါဘူး...
