ဆုပ်လည်းစူး စားလည်းရူးနေရတဲ့ ရခိုင်သတင်းသမားတွေ ဘဝ
ဆုပ်လည်းစူး စားလည်းရူးနေရတဲ့ ရခိုင်သတင်းသမားတွေ ဘဝ ရခိုင်မီဒီယာလောကလို့ဆိုရရင် ၂၀၁၀ ရှေ့ပိုင်းအနေအထားမှာ တော်တော်လေးခရီးရောက်လာကြတယ်လို့ ဆိုရမှာပါ။ ဒီမတိုင်ခင်က ရခိုင်က သတင်းသမားအများစုဟာ ပြည်မမီဒီယာတွေ၊ နိုင်ငံခြားသတင်းဌာနတွေမှာ တိုက်ပိုင် အလွတ်တန်း သတင်းသမားတွေအဖြစ် ရေးသားခဲ့ကြပါတယ်။ ၂၀၁၀ ရှေ့ပိုင်းကာလတွေမှာဆိုရင် ရခိုင်ပြည်မှာ သတင်းထောက်ရယ်လို့ လက်ချိုးရေရင်တောင် နည်းနည်းလေးသာရှိခဲ့ပါတယ်။ အများစုကတော့...
