ရက္ခိုင်ကို ပို့ဆောင်ရန် အာလူးနဲ့ ဒီဇယ် တင်လာတဲ့ ကုန်သည် ၁၀ ဦးကို BCG ဖမ်းဆီး
အာရက္ခတိုင်းမ်စ် (၃၀ မတ် ၂၀၂၆) ရက္ခိုင်ပြည်ကို ပို့ဆောင်ရန် ဘင်္ဂလားဒေ့ရှ်ကနေ အာလူးအိတ်များတင်ဆောင်လာတဲ့ ကုန်သည် ၁၀ ဦးကို မတ်လ ၂၉ ရက် မနက်ပိုင်းက ဘင်္ဂလားဒေ့ရှ်ကမ်းခြေစောင့်တပ် (BCG) က ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ “ စစ်တကောင်း ကမ်းလွန်ဒေသရှိ ဆန်ဂူဓာတ်ငွေ့ကွင်းအနား ပင်လယ်ရေပြင်တွင်...
