အာဏာရှင်စနစ်နဲ့ မြန်မာ့နိုင်ငံရေး
ညီပုလေး ရွှေနိုင်ငံဟု တင်စားခေါ်ဝေါ်ကြသော မြန်မာနိုင်ငံသည် သဘာဝသယံဇာတများ ပေါကြွယ်ဝသည်နှင့်အညီ ပြည်တွင်းစစ်မီး တဟုန်းဟုန်း တောက်လောင်နေခဲ့သည်မှာ ဆယ်စုနှစ်များစွာ ကြာမြင့်လာခဲ့လေပြီ။ အာဏာရှင်အစိုးရ အဆက်ဆက်၏ ညှဥ်းပန်းနှိပ်စက်သည့် ဒဏ်များကြောင့် တိုင်းပြည်နိုင်ငံသည်လည်း ဖွံ့ဖြိုးမှုမရှိဘဲ နလန်မထူနိုင်အောင် ချွတ်ခြုံကျနေခဲ့သဖြင့် ပညာတတ်လူငယ်များ ပြည်ပထွက်ခွာ အလုပ်အကိုင် ရှာဖွေရခြင်း၊ ပညာရှင်များ မိခင်မြေကို...
