မောင်တောတွင် တစ်ရက်အတွင်း မြေမြှုပ်မိုင်း ၃၅ လုံး AA ရှင်းလင်း
အာရက္ခတိုင်းမ်စ် (၄ ဇူလိုင် ၂၀၂၆) ရက္ခိုင်ပြည် မောင်တောမြို့နယ်တွင် ရွေးတုအစိုးရတပ်နဲ့ ARSA၊ RSO တို့ ထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်း ၃၅ လုံးကို အာရက္ခတပ်တော်က တစ်ရက်တည်း ရှင်းလင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။ “မနေ့က ၃ ရက်နေ့ကပေါ့ လဘော်ဇားတံတားနားကနေပြီးတော့ ဂေါင်ညာရွာနားအထိ မိုင်းရှင်းလင်းရေးတွေ လုပ်တာမှာ...
