NewsPolitic

လေကြောင်းတိုက်ခိုက်မှု ပိုမိုပြင်းထန်လာမယ့် ၂၀၂၅

အာရက္ခတိုင်းမ်စ် (၈ ဇန်နဝါရီ ၂၀၂၅)

၂၀၂၅ ခုနှစ်အတွင်း စစ်ကောင်စီအနေနဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာဒေသတွေမှာ လေကြောင်း တိုက်ခိုက်မှုတွေ ပိုလုပ်လာနိုင်တယ်လို့ စစ်ရေးနဲ့ နိုင်ငံရေးလေ့လာသူတွေက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကောင်စီရဲ့ ကြည်းတပ်က အင်အားချိနဲ့နေပြီး ရေတပ်ဟာလည်း ရေကြောင်းရှိတဲ့ နေရာတွေမှာပဲ တိုက်ခိုက်လို့ရတဲ့အနေအထားပဲရှိနေတဲ့အတွက်ကြောင့်လို့ သုံးသပ်ခဲ့ကြတာပါ။
လေကြောင်းတစ်ခုပဲရှိတဲ့ စစ်ကောင်စီဟာ ၂၀၂၅ ခုနှစ်မှာ လေကြောင်းတိုက်ခိုက်မှု ပိုမိုလုပ်လာနိုင်တာနဲ့ ပတ်သက်ပြီး မြန်မာ-တရုတ်အရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက အခုလို ပြောခဲ့တာပါ။

“သူတို့မှာ အားကိုးစရာဆိုလို့ လေကြောင်းတိုက်ပွဲပဲ ရှိတာပဲ။ ဒါကို ကျမတို့က ဘယ်လိုသက်သာအောင် လုပ်မလဲပေါ့။ လူထုတွေခံသာအောင်။ အဲဒီဟာပဲရှိမယ်။ လေကြောင်းတိုက်ခိုက်မှုတွေက ပိုပြင်းထန်လာမယ်။ တစ်အချက် ကျမကြည့်တာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု သူဒါပဲအားကိုးစရာရှိတာ ဒါပဲပြင်းထန် လာမယ်။ နောက်တစ်ခုက ကျမတို့ တော်လှန်ရေးတပ်ဖွဲ့တွေကြားထဲမှာ အကွဲအပြဲတွေဖြစ်အောင် သူလုပ်လာနိုင် တယ်။ နောက်တစ်ခုက ပြည်သူလူထုတွေကြားမှာလည်း လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေဖြစ်အောင် သူလုပ်လာနိုင်တယ်။ ဒါ စစ်တပ်က တောက်လျှောက်သူလုပ်လေ့လုပ်ထရှိတဲ့ နည်းလမ်းတွေပဲ။ အဲဒါတွေကို လုပ်လာကောင်း လုပ်လာနိုင်ပါတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီက မှာယူထားတဲ့ နောက်ဆုံးကျန်ရှိတဲ့ တိုက်လေယာဥ◌် ၂ စင်းကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့က လွှဲပေးလိုက်တာြဖစ်တယ်လို့ Army Recognition Group က ဇန်နဝါရီ ၆ ရက်မှာ ဖော်ပြခဲ့ပါတယ်။

ထုတ်ပြန်ချက်အရ စစ်ကောင်စီက မှာယူခဲ့တဲ့ ရုရှားနိုင်ငံထုတ် Su-30 SME တိုက်လေယာဉ် ၆ စင်းဟာ အမေရိကန်ဒေါ်လာ သန်း ၄၀၀ ခန့် တန်ဖိုးရှိတယ်လို့ သိရပါတယ်။

ဒီတိုက်လေယာဥ◌် ၀◌ယ်ယူမှု သဘောတူညီချက်ကို ၂၀၁၈ ခုနှစ်က ရုရှား ကာကွယ်ရေးဝန်ကြီး မြန်မာနိုင်ငံကို ရောက်ချိန်မှာ ပြုလုပ်ခဲ့ကြတာပါ။

တစ်ဖက်မှာလည်း လက်နက်ကိုင်အကြမ်းဖက် တောင်းဆိုမှုများအပေါ် လိုက်လျောဖြေရှင်းပေးသွားမှာ မဟုတ်ဘူးလို့ အတိအလင်း ကြေညာထားပြီးဖြစ်တယ်လို့ စစ်ကောင်စီ ဥက္ကဌက လွတ်လပ်ရေးနေ့ သဝဏ်လွှာမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ဒ့ါအပြင် လက်နက်ကိုင် ပဋိပက္ခတွေနဲ့ သဘောထားကွဲလွဲမှုတွေကို ဥပဒေနဲ့အညီ ထိန်းသိမ်းဆောင်ရွက် သွားကြဖို့ တိုက်တွန်းပြောဆိုထားကာ နိုင်ငံကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ အဖွဲများအနေနဲ့ လက်နက်ကိုင် အကြမ်းဖက် တိုက်ခိုက်တဲ့ လမ်းစဉ်ကိုစွန့်လွှတ်ပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းဖို့ ကမ်းလှမ်းဖိတ်ခေါ် နေတယ်လို့လည်း သူက ဆိုပါတယ်။

လက်နက်စွန့်ဆိုတဲ့ စကားလုံးနဲ့ ပတ်သက်ပြီး နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က အခုလို ဆိုပါတယ်။

“လက်နက်စွန့်ဆိုတာ စကားလုံးအရသာမသုံးတာ တကယ်တမ်းက အလင်းဝင်ခိုင်းတာပေါ့။ ပြီးတော့မှ ပါတီထောင် နိုင်ငံရေးပါတီထောင် ရွေးကောက်ပွဲဝင် ဆိုတဲ့ကိစ္စက ဒါက ဓါတ်ပြားဟောင်းကြီး ပေါက်တောင် ထွက်တော့မယ်။ ဒါကြောင့်မို့လို တကယ်တမ်းဆွေးနွေးခဲ့တဲ့ ဆွေးနွေးပွဲတွေက ဘယ်ဟာမှ မအောင်မြင်ဘူး။ ရှမ်းမြောက်က MNDAA နဲ့ဆွေးနွေးလိုက်တာလည်း ဆွေးနွေးပွဲ စစချင်း လားရှိုးက ပြန်ဆုတ်ပေးဖို့ ပြောတဲ့အခါကြတော့ ဆွေးနွေးပွဲပျက်သွားတာပေါ့။ ကျန်တဲ့ဟာတွေလည်း ဒီတိုင်းပဲဖြစ်မှာပါ။ ဒါကြောင့်မို့လို့ သူပြောနေတဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးကြဖို့ဆိုတာ အဲဒီလောက်သူတို့သဘောကျပြီး နိုင်ငံရေးအရ ဖြေရှင်းတဲ့နည်းလမ်းဖြစ်တယ်လို့ထင်ရင်တော့ မှားသွားမှာပေါ့” လို့ ပြောပါတယ်။

Related posts

ယိုးငူရွာ ထိခိုက် သေဆုံးသူတွေအတွက် ၉၉ သိန်း လှူဒါန်း

Rakhita Times

စစ်တွေမြို့ နယ်စပ်ရေးရာဝန်ကြီးရုံး အနောက်ဘက်တွင် ကင်းပုန်းများချ

Rakhita Times

ညီနောင်မဟာမိတ်ဖွဲ့တာ ၁၅ နှစ် ရှိပြီ

Rakhita Times

5 comments

maxispin_a_gaPl မတ် 6, 2026 at 9:18 မနက်

Discover the thrill of real-money live casino action at [url=https://maxispin-au.com/]real money live casino[/url], where you can enjoy live dealers, top software providers, and exclusive promotions.
Ongoing updates allow the platform to adapt to new technologies and user suggestions.

Reply
https___ja_rcen မတ် 11, 2026 at 9:38 ညနေ

Sprawdz poradnik [url=https://jaka-kamera-do-drona-fpv.neocities.org/]budzetowa kamera fpv[/url], jesli szukasz najlepszych wskazowek przy wyborze kamery FPV na start.
Kamera montowana na dronie FPV jest kluczowym elementem, ktory determinuje zarowno obraz w czasie lotu, jak i zapis wideo.

Reply
hghjfjdoss_pdkr ဧပြီ 17, 2026 at 9:42 မနက်

Discover the amazing features of [url=https://hghjfjdossa.netlify.app]hghjfjdossa[/url] and elevate your experience today.
Continued research and development will likely reveal even more applications.

Reply
rent yacht montenegro 190 မေ 5, 2026 at 7:26 ညနေ

rent a yacht in Montenegro https://rent-a-yacht-montenegro.com

Reply
remont stiralnih mashin_vlSa မေ 10, 2026 at 5:22 မနက် Reply

Leave a Comment