NewsPolitic

TNLA သိမ်းပိုက်ထားတဲ့ မိုးကုတ်မြို့ စစ်ကောင်စီက လေကြောင်းတိုက်ခိုက် ၁ ဦးသေဆုံး

တအာင်းတပ်ဖွဲ့ – TNLA သိမ်းပိုက်ထားတဲ့ မိုးကုတ်မြို့ကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား ၁ ဦးသေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

မိုးကုတ်မြို့အနောက်ပိုင်း၊ ကသဲရပ်ကွက်ရှိ အနောက်ကျောင်း ဒီကနေ့ မနက် ၉ နာရီဝန်းကျင်မှာ ဂျက်ဖိုက်တာနဲ့ ဗုံး ၁ လုံး ကြဲချ တိုက်ခိုက်ခဲ့လို့ ဆိုပါတယ်။

အလားတူ မေလ ၂ ရက် ည ၁၁ နာရီ ၄၅ မိနစ်မှာလည်း မိုးကုတ်မြို့ကို ပေါင် ၂၅ဝ ဗုံး ၂ လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ပြီး အုတ်ပြင်ရပ်ကွက်ရှိ ဓမ္မရုံ နဲ့ နေအိမ် ၆ လုံး ထိမှန်ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၃ဝ ရက်နေ့ကလည်း မိုးကုတ်မြို့အနောက်ပိုင်း၊ သစ်စိမ့်ကုန်း နဲ့ ကျောက်ပုတ်ကျေးရွာကြား စစ်ကောင်စီတပ်မှ လေကြောင်းနဲ့ ပေါင် ၂၅၀ ဗုံး ၂ လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ TNLA အုပ်ချုပ်တဲ့ မြို့နယ်တွေကို စစ်အင်အား ဖြည့်တင်းခြင်း၊ ထိုးစစ်ဆင်ခြင်း နဲ့ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ နေရာတွေကို လေကြောင်းနဲ့ မိဘပြည်သူလူထုတွေကို ရည်ရွယ်ချက်ရှိရှိ ဦးတည်ပြီး ဗုံးကြဲချခြင်းစတဲ့လုပ်ရပ်တွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် မိဘပြည်သူတွေအနေဖြင့် စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ရှောင်ရှားနိုင်ဖို့ စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ဖို့ လေကြောင်းရန်ကာကွယ် ရေးဆိုင်ရာနည်းလမ်းတွေ လိုက်နာဆောင်ရွက်ဖို့ လိုအပ်တယ်လို့ TNLA က ဆိုပါတယ်။

Related posts

အရိပ်ဖြူ လောက်ကောင်

Rakhita Times

အာရက္ခတပ်တော်ကို ဂုဏ်သိက္ခာကျဆင်းစေဖို့ အဓိကရည်ရွယ်ထားတဲ့ Fortify Rights ရဲ့ ထုတ်ပြန်ချက်ကို AA ကန့်ကွက်ရှုတ်ချ

Rakhita Times

သူပုန်ဖြူကဗျာစာအုပ် လေလံစျေး အမြင့်ဆုံး ဒေါ်လာ ၁၂၀၀၀ အထိ ရောက်လာ

Rakhita Times

Leave a Comment