NewsPolitic

စစ်ရှောင်တွေအတွက် အိမ်လုံး ၁၀၀ ဆောက်နိုင်ရန် ကြိုးစားနေ

အာရက္ခတိုင်းမ်စ် (၈ ဇူလိုင် ၂၀၂၆)

ရက္ခိုင်ပြည်က စစ်ရှောင်တွေအတွက် အိမ်အလုံး ၁၀၀ ဆောက်ပေးနိုင်အောင် ကြိုးစားနေတယ်လို့ သိရပါတယ်။

“အမိုးမရှိရေ ပြည်သူ ဝိုင်းရံကူ တဲအိမ် အလုံး တစ်ရာကမ်ပိန်း” ကို သုံးလ ကမ်ပိန်းအစီအစဉ်နဲ့ စစ်ရှောင်တွေအတွက် တဲအိမ်များ ဆောက်လုပ် ကူညီနေတယ်လို့ အိမ်ကြီးရခိုင်မျိုးဆက်သစ်လူငယ်ပရဟိတအသင်းက ဆိုပါတယ်။

အဆိုပါ ကမ်ပိန်းကို ကျပ်သိန်းလေးရာ သတ်မှတ်ထားကာ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၅ ရက်ကနေ ဇူလိုင်လ ၅ ရက်အထိ ပြုလုပ်ခဲ့တာဖြစ်ပြီး မြန်မာ၊ ထိုင်း နဲ့ မလေးရှားနိုင်ငံတို့မှ အလှူရှင်တွေက ဝိုင်းဝန်း လှူဒါန်းခဲ့ကြတယ်လို့ အသင်း ဥက္ကဌဖြစ်သူ ကိုရဲရဲက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ပုဏ္ဏားကျွန်းမြို့နယ်၊ မြောက်ဦးမြို့နယ်၊ အမ်းမြို့နယ်တွေမှာ မိုးရာသီဆိုတော့ စစ်ရှောင်တွေ အခက်ခဲ များတယ်‌လေ။ အဲ့ဒါကြောင့် အိမ်ဆောက်ပေးတဲ့ ကမ်ပိန်းအစီအစဉ် လုပ်လိုက်တာပါ။ သုံးလစီမံကိန်းမှာ ၃ နိုင်ငံ စုစုပေါင်း မြန်မာငွေ ၁၃၅ သိန်းကျပ် ရရှိထားပါတယ်။ ဒီ ၁၃၅ သိန်းကျပ်ဟာ အလှူရှင်တွေဆီက ကောက်ခံ ရရှိထားတာ ဖြစ်ပါတယ်။ တဲအိမ်တစ်လုံးကို ၄ သိန်း ၅ သောင်းကျပ် နဲ့ စီမံကိန်းဆွဲပြီး အလှူရှင်တွေ အိမ်တစ်လုံးချင်းစီ လှူဒါန်းနိုင်အောင် ကမ်ပိန်းအစီအစဉ်ကို စတင် ဆောင်ရွက်ခဲ့ပါတယ်။ အခုက အာရက္ခဒေသမှာ တိုက်ပွဲတွေနဲ့ လမ်းပန်းဆက်သွယ်မှု အခက်အခဲကြောင့် အိမ်တစ်လုံးကို ၇ သိန်းခွဲကနေ ၈ သိန်းအထိ ဆောက်ပေးရပါတယ်။ ၃ လ စီမံကိန်းမှာ ပါဝင် လှူဒါန်းပေးတဲ့ အလှူရှင် တစ်ဦးတစ်ယောက်ချင်းစီကိုလည်း ကျေးဇူးတင်ပါတယ်” လို့ ဥက္ကဌ ကိုရဲရဲက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ပထမအကြိမ်အဖြစ် ပုဏ္ဏားကျွန်းမြို့နယ်မှာ အိမ် ၁၄ လုံး ဆောက်ပေးထားပြီး ဖြစ်ကာ ဒုတိယအကြိမ်အဖြစ် မြောက်ဦးမြို့နယ်မှာ အိမ် ၁၁ လုံး ဆောက်လုပ်ပေးလျက် ရှိတယ်လို့ သိရပါတယ်။

Related posts

ဘယ်အဖွဲ့အစည်းမဆို တူညီချက်ရှိရင် မဟာမိတ်စုဖွဲ့မှုလုပ်တာ သဘာာဝပဲ

Rakhita Times

သံတွဲမြို့ပေါ်ကို ဗုံးကြဲ၊ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရ

Rakhita Times

မလေးရှားမှ မြေးဖြစ်သူကို အဖွားဖြစ်သူက ဆက်သွယ်ခြင်း

Rakhita Times

106 comments

Leave a Comment