NewsPolitic

စကမ တပ်ဖွဲ့များ AA ထံ အလံဖြူထောင် ဝင်ရောက်သူ များပြားလာ

အာရက္ခတိုင်းမ်စ် (၁၈ အောက်တိုဘာ ၂၀၂၅)

စစ်ကာ်မရှင်ရဲ့ တပ်ဖွဲ့ဝင်တွေဟာ အာရက္ခတပ်တော်ထံ အလံဖြူထောင် အလင်းဝင်ရောက်လာသူတွေ များပြားလာတယ်လို့ သိရပါတယ်။

“အောက်တိုဘာ ၁၇ ရက်နေ့တွင် အချို့နေရာတွေမှာ စစ်ကော်မရှင် တပ်ဖွဲ့ဝင်အချို့ဟာ မိမိတို့ထံတွင် အလံဖြူထောင် လက်နက်ချကာ အလင်းဝင်ရောက်လာကြတာ ရှိတယ်” လို့ အာရက္ခတပ်တော်က ထုတ်ပြန်ခဲ့ပါတယ်။

အာရက္ခတပ်တော်အနေနဲ့ မိမိထံသို့ အလင်းဝင်ရောက်လာတဲ့သူတိုင်းကို စစ်သုံ့ပန်းဥပဒေနဲ့အညီ ကောင်းမွန်စွာ ပြုစုစောင့်ရှောက် ပေးထားတယ်လို့လည်း အာရက္ခတပ်တော်က ဆိုပါတယ်။

ထို့ကြောင့် ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်ရဲ့ မတရားသဖြင့် စစ်မှုထမ်းရန် စုဆောင်းခြင်းခံထားရသူတွေအနေနဖြင့် အာရက္ခတပ်တော်နှင့် အနီးဆုံးနေရာများကို ဆက်သွယ်ပြီး အချိန်မရွေး လက်နက်ချ အလင်းဝင်ရောက်ဖို့ အာရက္ခတပ်တော်က တိုက်တွန်းထားပါတယ်။

အာရက္ခတပ်တော်အနေနဲ့ နတ်ရေကန်ဗျူဟာကုန်းရှိ အနည်းငယ်သော လက်ကျန်နေရာအချို့ကို ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့လည်း သိရပါတယ်။

Related posts

ရက္ခိုင်ကို သယ်ဆောင်လာတဲ့ ဘိလပ်မြေအိတ် ၉၀၀ နဲ့ ကုန်သည် ၁၄ ဦးကို BCG ထပ်မံဖမ်းဆီး

Rakhita Times

၉၆ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဖမ်းမိတွင် AA တရားခံလို့ စစ်ကောင်စီဝါဒဖြန့်

Rakhita Times

လေးမျက်နှာတွင် စစ်ရေးရှုံးနိမ့်လာလို့ ကွင်းကောက်က စစ်သင်တန်းကျောင်းကို ခံစစ်စခန်းပုံစံ ပြင်ဆင်နေ

Rakhita Times

1 comment

Leave a Comment