NewsPolitic

AA ထိန်းချုပ်ဒေသတွေမှာ အစစ အရာရာ အခက်အခဲဖြစ်အောင် စကမ လုပ်လာနိုင်

အာရက္ခတိုင်းမ်စ် (၁၆ နိုဝင်ဘာ ၂၀၂၅)

ရက္ခိုင်ပြည်အတွင်းရှိ အာရက္ခတပ်တော် (AA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ဒေသများတွင် အစစ အရာရာ အခက်အခဲဖြစ်အောင် စစ်ကော်မရှင်က လုပ်လာနိုင်ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ရှမ်းပြည် မြောက်ပိုင်းမှာ TNLA နဲ့ အပစ်ရပ်စဲပြီးနောက် ရက္ခိုင်ပြည်ထဲက AA ထိန်းချုပ်ထားတဲ့ ဒေသအချို့ကို စစ်ကော်မရှင်ဟာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကို ဆက်တိုက် ပြုလုပ်လာနေခဲ့တာပါ။

ဒီလို လုပ်ဆောင်နေတာဟာ AA ကို ဖိအားပေးတဲ့ သဘောမျိုး မဟုတ်ဘဲ ဖိအားကို ပေးနေတာ ဖြစ်ပြီး တခြားဒေသတွေကို စစ်ဦးမဖောက်လာအောင် လုပ်ဆောင်တာဖြစ်တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ဖိအားပေးတဲ့ သဘော မဟုတ်ဘူး။ ဖိအားကို ပေးနေတဲ့ သဘောပါတယ်။ အဲဒီလို ပေးနေတာက အလယ်ပိုင်းပေါ့လေ။ ပဲခူးတိုင်းတို့၊ မကွေးတိုင်းတို့၊ ဧရာဝတီတိုင်းတို့ကို စစ်ဦးတွေ ဖောက်မလာဖို့ အဲဒါကို ကာတဲ့သဘောမျိုးနဲ့ ဖိအားလုပ်ရတယ်လို့ ယူဆပါတယ်။ ရက္ခိုင်မှာတော့ ရက္ခိုင်အနေနဲ့ သူရထားတဲ့ နေရာတွေကို ကောင်းကောင်းမွန်မွန် အုပ်ချုပ်လို့ မရအောင်တော့ နှောင့်ယှက်နိုင်တယ်။ နောက်ပြီးတော့ ပြန်လည်ထူထောင်ရေး မပြောနဲ့ပေါ့လေ။ လောလောဆယ် စားဝတ်နေရေး၊ ဆေးကုသရေး၊ လူတွေရဲ့ အသက်ရှင် နေထိုင်နိုင်မှု အစစအရာရာ အခက်အခဲဖြစ်အောင်တော့ လုပ်နိုင်တာပေါ့။ လုပ်မယ်လို့လည်း ယူဆပါတယ်” လို့ သူက ပြောပါတယ်။

စစ်ကော်မရှင်တပ်ဟာ ရခိုင်ပြည်ထဲမှာ အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ နယ်မြေတွေဆီ ဦးတည်တဲ့ မြေပြင်စစ်ရေး ဖြန့်ကြက်မှုတွေလုပ်ဖို့ ကြိုးပမ်းနေသလို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက် ပြုလုပ်လာနေတာပါ။

ဒါ့အပြင် စစ်တွေနဲ့ ကျောက်ဖြူမြို့နယ်တွေကို ပင်လယ်ရေးကြောင်းကနေတဆင့် စစ်သင်္ဘောတွေနဲ့ စစ်ကူအင်အား ထပ်ပို့နေတာတွေ ရှိတယ်လို့ သိရပါတယ်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက “လက်နက်စီးဆင်းတဲ့ လမ်းကြောင်းကတော့ ရေရှည်မှာပေါ့လေ။ အဲဒီ တစ်ပေါက်ပဲရှိတာကို။ ကျနော်တို့ 7 Alliance တို့ 3 brother hood alliance တို့ အဲဒီဘက်ကပဲ လက်နက်စီးဆင်းတဲ့ အပေါက်ရှိတာကိုး။ ဘင်္ဂလားဒေ့ရှ်တို့၊ အိန္ဒိယတို့ဆီမှာ လက်နက်က အင်မတန် ခက်ခဲတာဆိုတော့ ရနိုင်တာက တရုတ်နယ်စပ် အဖွဲ့အစည်းတွေပဲဖြစ်တော့ လက်နက်ခဲယမ်း စီးဆင်းတဲ့ လမ်းကြောင်းရဲ့ အရေးပါမှုကိုလည်း နည်းနည်း ခြိမ်းခြောက်သလို ဖြစ်နိုင်တာပေါ့” လို့ ပြောပါတယ်။

ချင်းပြည်နယ် ဝင်ပေါက်ဖြစ်တဲ့ တီးတိန်မြို့နယ်၊ သိုင်းငင်းရွာကို စစ်ကော်မရှင်က ပြန်လည်ထိန်းချုပ်လိုက်တယ်လို့ သိရပါတယ်။

စစ်ကော်မရှင်အနေနဲ့ ချင်းပြည်နယ်ကို သေချာထိန်းချုုပ်နိုင်ပါက ပလက်ဝကနေတဆင့် တိုက်ပွဲများကို ဖော်ဆောင်လာနိုင်ကြောင်းလည်း စစ်ရေးနဲ့ နိုင်ငံရေးအကဲခတ်တွေက ထောက်ပြကြပါတယ်။

Related posts

မောင်တောတွင် နီပါးရ်ကာကွယ်ရေး အသိပညာပေးတွေ လုပ်ဆောင်နေ

Rakhita Times

ARSA အဖွဲ့ဝင်တွေကို AA လိုက်လံချေမှုန်းနေ

Rakhita Times

AA အနေနဲ့ ချဲဒိုင်များကို အရေးယူပေးရန် ပြည်သူတွေလိုလားနေ

Rakhita Times

1 comment

rent yacht montenegro 132 မေ 5, 2026 at 7:21 ညနေ

rent a yacht Montenegro https://rent-a-yacht-montenegro.com

Reply

Leave a Comment