NewsPolitic

မင်းပြားနဲ့ ကျောက်တော် ဗုံးကြဲခံရလို့ ပြည်သူ ၁ ဦး အကျဉ်းထောင်ဆေးဝန်ထမ်း ၁ ဦး နဲ့ ကလေး ၁ ဦး သေဆုံး

အာရက္ခတိုင်းမ်စ် (၈ မေ ၂၀၂၆)

ရက္ခိုင်ပြည် မင်းပြားနဲ့ ကျောက်တော်မြို့နယ်ကို စစ်ကော်မရှင်က မေလ ၇ ရက်က ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူ ၁ ဦး၊ အကျဉ်းထောင်ဆေးဝန်ထမ်း ၁ ဦး၊ ကလေး ၁ ဦး သေဆုံးခဲ့ပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကော်မရှင်ဟာ မင်းပြားနဲ့ ကျောက်တော်မြို့နယ်အတွင်းရှိ ကျေးရွာတချို့နဲ့ အကျဉ်းထောင်တချို့ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု နှစ်ကြိမ်တိုင်တိုင် တရက်တည်း ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။
 
ရက္ခိုင်ပြည် မင်းပြားမြို့နယ် ကျောက်ခုတ်ကျေးရွာ အရှေ့တောင်ဖက်ရှိ ကင်းမွန်ချောင်းဂျိုင်နဲ့ အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများကို မေလ ၇ ရက် နေ့လည် ၂ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် စစ်ကော်မရှင်က ဂျက်ဖိုက်တာ ၂ စီး၊ Y-12 ၁ စီးနဲ့ အဆိုပါနေရာများကို မိနစ် ၄၀ ခန့် တရစပ် မရပ်မနား ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အရပ်သား ပြည်သူတချို့ သေဆုံး၊ ဒဏ်ရာရမှုများ ရှိခဲ့ပြီး လူနေအဆောက်အအုံတချို့ ပျက်စီးပြီး ကျွဲ၊ နွား စတဲ့ တိရစ္ဆာန် တချို့ သေဆုံး ဒဏ်ရာ ရရှိခဲ့တယ်လို့ အာရက္ခတပ်တော်က ထုတ်ပြန်ပါတယ်။

အလားတူ စစ်ကော်မရှင်က ကျောက်တော်မြို့နယ် သုံးခွအနီးပတ်ဝန်းကျင်ကိုလည်း ဂျက်ဖိုက်တာ ၄ စီးနဲ့ ည ၁၀ နာရီကနေ ၁၀ နာရီ ၂၅ မိနစ်အထိ ပေါင် ၅၀၀ ဗုံး ၈ လုံးနဲ့ လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ၁၀ နာရီ ၂၈ မိနစ်တွင်လည်း Y-12 ထောက်ပို့လေယာဉ် ၂ စီးကနေ Cluster Boombအမျိုးအစား ၂၄ လုံးခန့် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့လည်း အာရက္ခတပ်တော်က ဆိုပါတယ်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၁ ဦး၊ အကျဉ်းထောင်ဆေးဝန်ထမ်း ၁ ဦး၊ ကလေး ၁ ဦး သေဆုံးခဲ့ပြီး ပြင်းထန်နဲ့ အလတ်စား ဒဏ်ရာရသူ ၁၀ ဦးခန့် ရှိခဲ့တယ်လို့ သိရပါတယ်။

ထိုအပြင် ကျောက်တော်မြိုနယ်၊ ပြိုင်းချောင်းကျေးရွာမှ အရပ်သား တစ်ဦး ပိုင်ဆိုင်သော နွား (၇) ကောင်လည်း ဤဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သည်။

Related posts

ကျောက်ဖြူ၊ ရမ်းဗြဲ၊ တောင်ကုတ်ရှိ စစ်ရှောင်တွေကို စားနပ်ရိက္ခာ နဲ့ ခြင်ထောင်များ ထောက်ပံ့

Rakhita Times

တိုင်းရင်းသားလက်နက်ကိုင်တွေ ဖက်ဒရယ်ကို ဘာကြောင့် တောင်းဆိုနေတာလဲ

Rakhita Times

ဒေါက်တာညိုကို အားကိုးရတဲ့ သူပုန်ဖြူလို့ ဒေါက်တာဇော်ဝေစိုးပြော

Rakhita Times

1 comment

forums.ppsspp.org မေ 27, 2026 at 7:20 မနက်

References:

Poker machine games forums.ppsspp.org

Reply

Leave a Comment