NewsPolitic

ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၄ ဦးကို AA ပြန်လွှဲပေး

အာရက္ခတိုင်းမ်စ် (၉ မေ ၂၀၂၆)

ရက္ခိုင်ပြည်ကို ရောက်ရှိနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၄ ဦးကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေထံ အာရက္ခတပ်တော်က မေလ ၃ ရက်မှာ လွှဲပြောင်းပေးလိုက်တယ်လို့ သိရပါတယ်။

“ပြန်လွှဲပေးလိုက်တဲ့ ၁၄ ယောက်မှာ ၁၀ ယောက်က ငါးဖမ်းနေစဉ် စက်လှေပျက်ပြီး ရက္ခိုင်ရေပိုင်နက်ထဲ ရောက်လာတဲ့သူတွေ၊ နောက် ၄ ယောက်ကတော့ စစ်ကော်မရှင်တပ်က ဖမ်းဆီးပြီး ပြန်လွတ်လာတဲ့သူတွေ ဖြစ်တယ်” လို့ မောင်တောမြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အဆိုပါ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၄ ဦးကို နတ်မြစ်အတွင်းရှိ နှစ်နိုင်ငံနယ်မျဉ်းတနေရာတွင် အာရက္ခတပ်တော်က ဘင်္ဂလားဒေ့ချ်နယ်ခြားစောင့်တပ် (BGB) ထံ လွှဲပြောင်းပေးခဲ့တာလည်း ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်ရဲ့ လက်ရှိ အစိုးရသစ်တရပ်အနေနဲ့ အာရက္ခပြည်သူ့အစိုးရကို အသိအမှတ်ပြု အားကောင်းလာအောင် မလုပ်ဆောင်ဘဲနဲ့တော့ ကောင်းမွန်တဲ့ အခြေအနေတရပ် ဖန်တီးဖို့ဆိုတာ အင်မတန်ခက်ခဲလိမ့်မယ်လို့ အာရက္ခတပ်တော် (AA) တပ်မှူးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ပြောဆိုအပြီးမှာ အာရက္ခတပ်တော်က အခုလို နှစ်နိုင်ငံ သံတမန် တည်ဆောက်နေတာလည်း ဖြစ်ပါတယ်။

အစိုးရသစ်အပေါ် ကျနော်တို့ရဲ့ မျှော်လင့်ချက်ကတော့ ကောင်းမွန်တဲ့ ပတ်ဝန်းကျင်တခု ဖန်တီးနိုင်ဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ အတူတကွ လက်တွဲလုပ်ဆောင်သွားဖို့ပါပဲလို့လည်း ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ပြောဆိုထားပါတယ်။

Photo- APM

Related posts

ဂွကို ရွေးတုအစိုးရ ဗုံး ၂ ကြိမ်ချ၊ စာသင်ကျောင်နဲ့ နေအိမ်တချို့ ပျက်စီး

Rakhita Times

စစ်တွေက နှင်ထုတ်ထားတဲ့ တချို့ရွာတွေကို ပြန်နေခိုင်းမယ်လို့ သတင်းထွက်နေ

Rakhita Times

စကမ ထိန်းချုပ်နယ်မြေတွင် ရက္ခိုင်မှတ်ပုံတင်ကိုင်ဆောင်သူ ခရီးသွားလျင် ထောက်ခံစာပါရမည်

Rakhita Times

245 comments

Leave a Comment