NewsPolitic

ကပစ ၁၆ အနီးက ကာကင်း ၄ ခုကို AA သိမ်းပိုက်

အာရက္ခတိုင်းမ်စ် (၁၁ မေ ၂၀၂၆)

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ အမှတ် (၁၆) ကာကွယ်ရေးပစ္စည်းစက်ရုံအနီးက ကာကင်းစခန်း ၄ ခုကို အာရက္ခတပ်တော်က သိမ်းပိုက်လိုက်တယ်လို့ သိရပါတယ်။

“ဒီရက်ပိုင်းထဲပဲ သိမ်းလိုက်တာ ကပစ ၁၆ နားက ပွိုင့် ၅၀၀ ဗျူဟာကုန်းက ကာကင်း ၄ ခုကိုလေ စစ်တပ် (စစ်ကော်မရှင်) ဖက်ကလည်း မိုးရွာနေတာတောင် လေယာဉ်နဲ့ လာကြဲပေမယ့် လက်လွှတ်လိုက်ရပြီ” လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

မေလဆန်းကတည်းက အာရက္ခတပ်တော်နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေဟာ ပဲခူးတိုင်း ပန်းတောင်းမြို့နယ် မသုန်ရွာနားက ပွိုင့် ၅၀၀ ဗျူဟာကုန်းနဲ့ ဗျူဟာကုန်းက ကာကင်းစခန်း ၄ ခုကို တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။

“စကစ ၁၀ လက်အောက်ခံတပ်က တပ်သားတွေ အများဆုံးပဲ။ အခုမှ သင်းတန်းဆင်းတာတွေလည်း ပါတယ်။ ထွက်ပြေးလို့ ဖမ်းမိတာတွေရော၊ အလင်းဝင်လာတာတွေရော ဆက်တိုက်ရှိနေတယ်” လို့ သူက အာရက္ခတိုင်းမ်စ်ကို ဆက်ပြောပါတယ်။

အဆိုပါ ကာကင်းစခန်းကို စစ်ကော်မရှင်ရဲ့ စကစ (၁၀) လက်အောက်ခံ ခမရ (၃၆၃၊ ၃၆၄၊ ၃၆၆၊ ၃၆၉ ) တပ်ရင်းများက စုပေါင်းပြီး ခုခံခဲ့တာလည်း ဖြစ်ပါတယ်။

လက်ရှိမှာ ကပစ ၁၆ ရှိတဲ့ မသုန်ရွာအနီးနဲ့ ပန်းကန်ကွဲ၊ ညောင်ကျိုးရွာ ပတ်ဝန်းကျင်တွေမှာလည်း တိုက်ပွဲတွေ ဖြစ်နေတယ်လို့ သိရပါတယ်။

အာရက္ခတပ်တော်ဟာ မကွေးနဲ့ ပဲခူးမှာရှိတဲ့ စစ်ကော်မရှင်ရဲ့ လက်နက်ထုတ် စက်ရုံတွေဖြစ်တဲ့ ကပစ တွေကိုလည်း ပူးပေါင်းမဟာမိတ်တွေနဲ့အတူ ထိုးစစ်ဆင် တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။

Related posts

မိုခါမုန်တိုင်းပြီးနောက် နတ်ချောင်းတွင် သောက်သုံးရေ ညစ်ညမ်းလာလို့ ရွာလုံးကျွတ်စုပေါင်းပြီး ရေကန်တူးဖော်

Rakhita Times

ကျောက်တော်ကို ရွေးတုအစိုးရ ဗုံးကြဲ၊ ကလေး အပါအဝင် ၅ ဦးသေ ၁၀ ယောက်ကျော် ဒဏ်ရာရ

Rakhita Times

စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုအပေါ် NUG ရှုတ်ချ

Rakhita Times

208 comments

Leave a Comment