NewsPolitic

ရက္ခိုင်ကို ပို့ခံရမှာကြောက်လို့ ခလရ ၂၅၂ က တပ်သား ၂ ဦး ထွက်ပြေး အလင်းဝင်

အာရက္ခတိုင်းမ်စ် (၂၄ မေ ၂၀၂၆)

အာရက္ခတပ်တော်နဲ့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရက္ခိုင်ပြည်ကို ပို့ခံရမှာကြောက်လို့ ပခုက္ကူအခြေစိုက် ခလရ ၂၅၂ တပ်ရင်းက တပ်သား ၂ ဦး ထွက်ပြေးပြီး Cobra One Pakokku တပ်ဖွဲ့ထံ အလင်းဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ရက္ခိုင်ကို အပို့ခံရမှာကြောက်လို့ Cobra One Pakokku တပ်ဖွဲ့ထံ အလင်းဝင်ရောက်ခဲ့သူများမှာ မကွေးတိုင်း၊ ပခုက္ကူမြို့အခြေစိုက် တပ်မ ၁၀၁ လက်အောက်ခံ ခလရ ၂၅၂ တပ်ရင်းက စစ်မှုထမ်းအပတ်စဉ် ၁ တပ်သား ကျော်ဇောထွေးနဲ့ သန္ဓေစစ်သား ကိုယ်ပိုင်အမှတ် တ(၆၀၂၇၄၁) ဝင်းသန့်နိုင် ဖြစ်တယ်လို့ သိရပါတယ်။

“ရက္ခိုင်က ရှေ့တန်းကို အပို့ခံရမှာစိုးလို့ ကြောက်ပြီး ထွက်ပြေးလာတာ၊ စစ်မှုထမ်း အမှတ်စဉ် ၁ က ပထမအသုတ်ကို ရက္ခိုင်ကို ပို့လိုက်ပြီ။ နောက်တသုတ် ထပ်ပို့တော့မှာမလို့ ထွက်ပြေးလာတာ” လို့ Cobra One Pakokku တပ်ဖွဲ့က ဆိုပါတယ်။

စစ်မှုထမ်းတပ်သားများကို ရက္ခိုင်ဘက်ကို ပို့ဆောင်နေရတာကြောင့် တပ်ထဲတွင် အင်အားမရှိတော့တာကြောင့် အပြင်းအထန် ပေါ်တာလိုက်ဆွဲကာ စစ်မှုထမ်း သင်တန်းပို့နေတယ်လို့ သူတို့ ၂ ဦးရဲ့ ထွက်ဆိုချက်အရ သိရှိရတယ်လို့လည်း Cobra One Pakokku တပ်ဖွဲ့က ဆိုပါတယ်။

ထို့ကြောင့် ပြည်သူလူထုအနေနဲ့ သွားလာလှုပ်ရှားရာတွင် အထူးဂရုစိုက်ကြရန်နဲ့ စစ်တပ်ရဲ့ ပေါ်တာဆွဲ ဖမ်းဆီးခံရနိုင်ခြေရှိတဲ့ နေရာတွေကို သတိပြု ရှောင်ရှားနေထိုင်ကြရန် တော်လှန်ရေးအဖွဲ့များက တိုက်တွန်းထားပါတယ်။

Related posts

လောက်ကိုင်မှာ ကျင်းပတဲ့ လမုန့်စားပွဲကို ဒေါက်တာညိုထွန်းအောင် တက်ရောက်

Rakhita Times

ရက္ခိုင်ရှိ ကျန် ၃ မြို့ကို အမြန်ဆုံးသိမ်းပိုက်နိုင်အောင် လုပ်ရန်လို

Rakhita Times

ရသေ့တောင်မြို့နယ်ကို အကြမ်းဖက်စစ်တပ် ဗုံးကြဲ နှစ်ဦးထက်မနည်း သေဆုံးပြီး၊ အများအပြားဒဏ်ရာရ

Rakhita Times

175 comments

Leave a Comment