BusinessEducationNewsPolitic

ရက္ခိုင်တွင် အများပြည်သူသုံး အင်တာနက်ဆိုင် စတင်ဖွင့်လှစ်ခွင့်ရ

အာရက္ခတိုင်းမ်စ် (၁၉ ဇွန် ၂၀၂၆)

ရက္ခိုင်ပြည်က အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ စီးပွားဖြစ် အများပြည်သူသုံး အင်တာနက်ဆိုင်များကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက စတင်ဖွင့်လှစ်ခွင့် ပြုလိုက်ပြီလို့ သိရပါတယ်။

“စတားလင့် အင်တာနက်ဆိုင်တွေကို အစိုးရနဲ့ ပူးပေါင်းပြီးတော့ အခပေးစနစ်နဲ့ ရောင်းချခွင့် ပြုလိုက်ပါပြီ။ အဓိကကတော့ ပြည်သူတွေ အင်တာနက်ကို အလွယ်တကူ လက်လှမ်းမှီဖို့နဲ့ စီးပွားရေးတွေ ပိုမို အဆင်ပြေလာဖို့ အဝေးရောက် မိသားစုတွေနဲ့ အလွယ်တကူ ဆက်သွယ်နိုင်ဖို့အတွက် ဈေးသက်သက်သာသာနဲ့ ဖွင့်လှစ်ခွင့် ပြုလိုက်တာပါ” လို့ နည်းပညာဌာနတာဝန်ရှိသူတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အင်တာနက်ဆိုင် ဖွင့်လှစ်လိုသူတွေအနေနဲ့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ နည်းပညာဌာနတွင် ပြဌာန်းချက်၊ လုပ်ထုံးလုပ်နည်းများနဲ့အညီ လိုင်စင် လာရောက် လျောက်ထားနိုင်တယ်လို့လည်း သိရပါတယ်။

“ဆိုင်နေရာ အဆောက်အဦးတွေကိုတော့ အင်တာနက်ဖွင့်လိုသူက တာဝန်ယူရမှာဖြစ်တယ်။ နည်းပညာပိုင်းကိုတော့ နည်းပညာဌာနကနေ လုပ်ငန်းလည်ပတ်ရေးအတွက် နည်းပညာတွေကို လာသင်ပေးမယ်လို့ ပြောပါတယ်။ အကျိုးအမြတ်အနေနဲ့ကတော့ ဆိုင်ရှင်က ၇၀ ရာခိုင်နှုန်းနဲ့ အစိုးရက ၃၀ ရာခိုင်နှုန်းလို့တော့ သိထားတယ်” လို့ မြောက်ဦးမြို့နယ်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ပြည်သူတွေ အလုပ်အကိုင် အခွင့်အလမ်းနဲ့ ပညာရေးတိုးတက်စေဖို့ ရည်ရွယ်ပြီး “အများပြည်သူသုံး စတားလင့် အင်တာနက် စန်တာ” (Public Internet Access Center-PIAC) တွေကို ဖွင့်လှစ်ခွင့်ပေးတာလို့လည်း သိရပါတယ်။

Related posts

မလကျွန်းရွာသားအားလုံးကို စစ်ကောင်စီဖမ်းဆီးထား

Rakhita Times

ရက္ခိုင်မှာ ဆေးတက္ကသိုလ်ဖွင့်မယ်လို့ ဗိုလ်ချုပ်ပြော

Rakhita Times

စစ်တွေမှာ လွတ်ငြိမ်းနဲ့ ပြန်လွတ်လာတဲ့ သူခိုးတွေ သောင်းကျန်းနေ

Rakhita Times

191 comments

Leave a Comment