EducationNewsPolitic

အမ်းမြို့နယ်က မိန်းကလေးငယ်ကို ပညာဆက်လက်သင်ယူနိုင်ရန် ထောက်ပံ့ကူညီထား

အာရက္ခတိုင်းမ်စ် (၂၂ ဇူလိုင် ၂၀၂၆)

ရက္ခိုင်ပြည်၊ အမ်းမြို့နယ်မှာ ကျောင်းတက်ရောက်ရန် အဆင်မပြေတဲ့ မိန်းကလေးငယ်ကို ပညာဆက်လက် သင်ယူနိုင်ရန် ထောက်ပံ့ ကူညီထားတယ်လို့ စည်းလုံးမှုအင်အား ရခိုင်လူငယ်များ ပရဟိတအသင်းက ဆိုပါတယ်။

အဆိုပါ မိန်းကလေးငယ်ရဲ့ မိဘတွေဟာ အသက်အရွယ် ကြီးသူတွေဖြစ်ပြီး ကျန်းမာရေး ကောင်းမွန်ခြင်း မရှိတာကြောင့် ပညာ ဆက်လက်သင်ယူရန်အခက်အခဲ ကြုံတွေ့နေရတာ ဖြစ်တယ်လို့ အသင်းရဲ့ အထွေထွေ တာဝန်ခံ ဦးစောနိုင်က ပြောပါတယ်။

“ကျနော်တို့ စည်းလုံးမှုအင်အား ရခိုင်လူငယ်များ ပရဟိတအသင်းကနေပြီး အခုလောလောဆယ် ပညာသင်နေတာဆိုတော့ အမ်းမြို့နယ် တနေရာကနေ ၁၁ တန်း ကျောင်းတက်ချင်တဲ့ ကလေးက မိဘကလည်း အသက်ရွယ် ကြီးနေပြီ။ နောက်ပြီးတော့ အဖကလည်း မျက်လုံးတစ်လုံး ကွယ်ထားတာဆိုတော့ သူတို့မိသားစုက အဲ့ဒီကလေးကို ကျောင်းဆက်ထားဖို့ အဆင်မပြေပါဘူးခင်ဗျ။ အဲ့ဒါကြောင့် လာရောက် အကူညီ တောင်းထားတာ ဖြစ်ပါတယ်။ ကျနော်တို့ စည်းလုံးမှုအင်အား ရခိုင်လူငယ်များ ပရဟိတအသင်းက မတည်ပြီးတော့ နောက်ထပ် အလှူရှင် ၅ ယောက်နဲ့ လစဉ် ပံ့ပိုးသွားဖို့ ရှိပါတယ်” လို့ သူက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ပညာ ဆက်လက် သင်ကြားနိုင်ဖို အဆိုပါ အလှူရှင် ၅ ဦး နဲ့အတူ လစဉ် ၅ သောင်းကျပ်စီ ထောက်ပံ့ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် မိဘမဲ့ ကလေး ၅ ဦးကိုလည်း ပရဟိတအသင်း နှစ်သင်းနဲ့ HDCO တို့ ပူးပေါင်းပြီး ထောက်ပံ့လျက် ရှိတယ်လို့လည်း ဆိုပါတယ်။

“မိဘမဲ့ က‌လေး ၅ ယောက်ကိုတော့ ကျနော်တို့ စည်းလုံးမှုအင်အား ရခိုင်လူငယ်များ ပရဟိတအသင်းနဲ့ လေးဝတီမျိုးသျှစ်လူငယ်ပရဟိတအသင်း။ ဒီ ၂ သင်းကနေပြီး ထောက်ပံ့ထားတာ ရှိပါတယ်။ ပထမအကြိမ် HDCO အစိုးရ အဖွဲ့အစည်းနဲ့ ကျနော်တို့ ထောက်ပံ့ထားတာ ရှိပါတယ်။ နောက်ပြီး ဒီ ၇ လပိုင်းမှာ ပြန်ပြီး တစ်ကြိမ် ထောက်ပံ့မှာ ရှိပါတယ်။ သူတို့ကို တတ်နိုင်သလောက်လေး လစဉ် လတိုင်း လုပ်ပေးသွားဖို့ ရှိပါတယ်” လို့ ဦးစောနိုင်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စည်းလုံးမှုအင်အား ရခိုင်လူငယ်များ ပရဟိတအသင်းကို ရက္ခိုင်ပြည်ရှိ စစ်ဘေးရှောင်တွေကို ကူညီရန် ရည်ရွယ်ပြီး ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလက စတင်ကာ မလေးရှား၊ ထိုင်း၊ စင်္ကာပူ၊ အိုမန်၊ တရုတ် စတဲ့ နိုင်ငံတွေမှာ online ကတဆင့် ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

အဆိုပါ ၃ နှစ်တာ ကာလအတွင်း ရက္ခိုင်ပြည်ရှိ စစ်ရှောင်တွေအတွက် သိန်း လေးထောင်ကျော် လှူဒါန်းပေးခဲ့ပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။

Related posts

AA က ရက္ခိုင်ပြည် ပြင်ပ မြို့နယ် ၄ ခုတွင် ထိုးစစ်ဆင်နေ

Rakhita Times

စစ်ကောင်စီ နှင့် ARSA ၊ RSO၊ ARA တို့ ပူးပေါင်းကာ AA ကို တိုက်ခိုက်နေဟုဆို

Rakhita Times

အာရက္ခတိုင်းပြည်ကာကွယ်ရီး နန့် ရက္ခိုင်လူမျိုးရို့ ၏ အနာဂါတ်

Rakhita Times

Leave a Comment