NewsPolitic

လစဉ်အလှူရှင်များရဲ့ အကူညီနဲ့ အိမ်များ ဆက်လက် ဆောက်လုပ်ပေးနေ

အာရက္ခတိုင်းမ်စ် (၁၀ ဩဂုတ် ၂၀၂၆)

ကမ်ပိန်းအစီအစဉ် ပြီးဆုံးသော်လည်း လစဉ်အလှူရှင်များရဲ့ အကူညီနဲ့ တဲအိမ်များ ဆက်လက် ဆောက်လုပ်ပေးနေတာ ဖြစ်တယ်လို့ အိမ်ကြီးရခိုင် မျိုးဆက်သစ်လူငယ်ပရဟိတအသင်းက ဆိုပါတယ်။

အဆိုပါ ကမ်ပိန်းကို ကျပ်သိန်းလေးရာ သတ်မှတ်ထားကာ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၅ ရက်ကနေ ဇူလိုင်လ ၅ ရက်အထိ ပြုလုပ်ခဲ့တာဖြစ်ပြီး မြန်မာ၊ ထိုင်း နဲ့ မလေးရှားနိုင်ငံတို့မှ အလှူရှင်တွေက ဝိုင်းဝန်း လှူဒါန်းခဲ့ကြတယ်လို့ အသင်း ဥက္ကဌဖြစ်သူ ကိုရဲရဲက ပြောပါတယ်။

“ကမ်ပိန်းကတော့ ပြီးသွားပြီ။ သို့သော်လည်း ဒီ အိမ်တွေက ဆက်ပြီး ဆောက်စရာတွေ ရှိသေးတယ်။ လစဉ် လှူနေတဲ့ အလှူရှင်တွေနဲ့ပဲ ဆက်ပြီး ဆောက်လိုက်တာ” လို့ ဥက္ကဌ ကိုရဲရဲက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ပထမအကြိမ် ပုဏ္ဏားကျွန်းမြို့နယ်မှာ ၁၄ လုံး၊ ဒုတိယအကြိမ် မြောက်ဦးမြို့နယ်မှာ ၉ လုံး နဲ့ တတိယအကြိမ် အဖြစ် အမ်းမြို့နယ်မှာ ၆ လုံး၊ ပုဏ္ဏားကျွန်းမြို့နယ်မှာ ၃ လုံး ဆောက်လုပ်ပေးခဲ့တာ ဖြစ်ပါတယ်။

Related posts

ဆပ်သွားရွာမှာ လက်နက်ကြီးကျ၍ လင်မယားနှစ်ဦး ဒဏ်ရာရ

Rakhita Times

ငါးခိုးဖမ်းသူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၄ ဦးကို အာရက္ခကမ်းခြေစောင့်လုံခြုံရေးတပ်ဖွဲ့ ဖမ်းဆီး

Rakhita Times

SCEF နဲ့ ULA/AA အွန်လိုင်းကတွေ့ဆုံ၊ ခူဦးရယ်လ်နဲ့ ဗိုလ်ချုပ်ထွန်းမြတ်နိုင် အဖွင့်စကားပြော

Rakhita Times

Leave a Comment