NewsPolitic

ပလက်ဝကို ရွေးတုအစိုးရ ဗုံးကြဲလို့ အမျိုသမီးငယ် ၂ ဦး ထိခိုက်ဒဏ်ရာရ

အာရက္ခတိုင်းမ်စ် (၁၁ သြဂုတ် ၂၀၂၆)

ပလက်ဝမြို့နယ်ကို ရွေးတုအစိုးရတပ်က ဒီကနေ့ မနက် ၇ နာရီခွဲခန့်မှာ ဂျက်ဖိုက်တာနဲ့ ဗုံး ၂ လုံး လာရောက် ကြဲချခဲ့လို့ အမျိုးသမီးငယ် ၂ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့တယ်လို့ အာရက္ခတပ်တော်က သတင်းထုတ်ပြန်ပါတယ်။

“ယနေ့ နံနက် (၇) နာရီခွဲ အချိန်ခန့်တွင်လည်း ပလက်ဝမြို့ အဝင် ဆိုင်းဘုတ်အနီးကို ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာ တစ်စီးနဲ့ တစ်ကြိမ် ဗုံး (၂) လုံး လာရောက် ကြဲချ တိုက်ခိုက်ခဲ့တယ်” လို့ အာရက္ခတပ်တော်က ဆိုပါတယ်။

အဆိုပါကဲ့သို့ ဗုံကြဲ တိုက်ခိုက်မှုကြောင့် မြို့အဝင်ဝအနီးရှိ ဦးသောကြာရဲ့ နေအိမ်ကို ဗုံးစ ထိမှန်ခဲ့ပြီး ပလက်ဝမြို့ကို ရေတံခွန်ကျေးရွာကနေ ပညာသင်ကြားရန် ရောက်ရှိနေတဲ့ အသက် ၁၃ နှစ်အရွယ် ဦးကင်းနောင်ရဲ့ သမီးဖြစ်သူ မသန္တာထိုက်နဲ့ အသက် ၁၉ နှစ်အရွယ် ဦးသောကြာရဲ့ သမီးဖြစ်သူ မထွေးစိန်တို့ ထိခိုက် ဒဏ်ရာ ရရှိခဲ့ပါတယ်။

ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်ဟာ စစ်ဘက်နဲ့ မသက်ဆိုင်တဲ့ အပြစ်မဲ့ အရပ်သားပြည်သူများ နေထိုင်ရာ နေရာများကို နေစဉ်နဲ့အမျှ ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်နေတာကြောင့် အာရက္ခ မိဘပြည်သူများအနေနဲ့ ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းနဲ့ ရေကြောင်း ရန်တို့ကို ယခင်ကထက် ပိုမို ဂရုစိုက်ကြပါရန် ထပ်မံ အသိပေး တိုက်တွန်းအပ်ပါတယ်လို့လည်း အာရက္ခတပ်တော်က ဆိုပါတယ်။

Related posts

မြောက်ဦးဆရာတော် စစ်တွေတွင် ပြည်သူ ၁၀၀၀၀ ကျော်ကို ထမင်း၊ ဟင်း လှူဒါန်း

Rakhita Times

လူထုတော်လှန်ရေးမှာ ပါဝင်လာဖို့ ပအိုဝ်းပြည်သူ့စစ်ကို PNLO နဲ့ PNFC တိုက်တွန်း

Rakhita Times

စစ်တွေလူထု ရွေးကောက်ပွဲကို စိတ်မဝင်စား၊ စစ်ဖြစ်ဖို့သာ မျှော်လင့်

Rakhita Times

Leave a Comment