NewsPolitic

ပြည်ထောင်စုလမ်းမကြီးကို ညီနောင်မဟာမိတ်နဲ့အတူ AA ကူညီ လမ်းပြင်ပေးနေ

အာရက္ခတိုင်းမ်စ် (၁၁ သြဂုတ် ၂၀၂၆)

ရှမ်းပြည်နယ်မြောက်ပိုင်း ညီနောင်မဟာမိတ် အုပ်ချုပ်ရေးဒေသ မိုင်းယု ၁၀၅ မိုင် ပြည်ထောင်စုလမ်းမကြီးတွင် မြေပြို့ ပျက်စီးခြင်း ဖြစ်ပေါ်နေရာ ညီနောင်မဟာမိတ်နဲ့အတူ အာရက္ခတပ်တော်လည်း ကူညီပြီး လမ်းပြင်ပေးခဲ့တယ်လို့ သိရပါတယ်။

မိုးသည်းထန်စွာ ရွာသွန်းလို့ ပြည်ထောင်စုလမ်းမကြီး တာလုံကျေးရွာ အနီးတွင် ဖြစ်ပွားခဲ့တာဖြစ်ပြီး အဆိုပါ နေရာကို အချိန်မှီ ပြုပြင်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ လမ်းပြုပြင်မှုကို ကျွမ်းကျင်ပညာရှင်တချို့က ဦးဆောင်ပေးခဲ့ပြီး ညီနောင်မဟာမိတ် ရဲဘော်တွေရဲ့ လုပ်အားနဲ့ ပြုပြင် တည်ဆောက်ခဲ့ပြီး လမ်းပြုပြင်စာရိတ် သိန်း ၅၀၀ နီးပါး ကုန်ကျခဲ့တယ်လို့ သိရပါတယ်။

မိုးရေတိုက်စားမှုကြောင့် မြေပြိုမှုတွေ ထပ်မံ မဖြစ်ပွားနိုင်ရန်အတွက် ရေမြောင်းတွေကို စနစ်တကျ ဖောက်လုပ်နေတယ်လို့လည်း သိရပါတယ်။

ဓာတ်ပုံ- မိုင်းယု

Related posts

AA ကို ခုခံရန် အမတ ၃၄၄ နဲ့ လေးမျက်နှာကို စစ်အင်အားတွေ ထပ်မံဖြည့်တင်းနေ

Rakhita Times

ကျောက်ဖြူတိုက်ပွဲတွင် ရွေးတုတပ်မှ ဗိုလ်မှူးတစ်ဦး သေဆုံး

Rakhita Times

အမ်းကို ရိက္ခာပို့မယ့် ကား၃စီးကို ခြုံခိုမိုင်းဆွဲ၊ စကစ ၉ ဦးသေ ရိက္ခာကား ၂ စီး ပျက်စီး

Rakhita Times

1 comment

Leave a Comment