NewsPolitic

စစ်ဘေးရှောင် ၅ ထောင်ကျော်အတွက် အရေးပေါ် ဆန်လိုအပ်နေ

အာရက္ခတိုင်းမ်စ် (၁၂ စက်တင်ဘာ ၂၀၂၆)

ရက္ခိုင်ပြည်အတွင်းက စစ်ဘေးတိမ်းရှောင်သူ ၅ ထောင်ကျော်အတွက် အရေးပေါ် ဆန်ရိက္ခာ လိုအပ်နေတယ်လို့ ဇင်ချောင်းလူငယ်ပရဟိတအသင်းက ဆိုပါတယ်။

ရမ်းဗြဲမြို့နယ်က စစ်ရှောင်ပြည်သူ ၅၁၀၀ ဦး အတွက် လတ်တလောမှာ အရေးပေါ် စားနပ်ရိက္ခာ လိုအပ်ချက် ရှိနေတယ်လို့ သိရပါတယ်။

“ကျနော်တို့ အရင်လကဆိုရင်တော့ ငွေက ၇၀၀၊ ၈၀၀ (သိန်း) ဝန်းကျင်လောက် ဝင်တယ်။ ဝင်တဲ့အခါ ကျနော်တို့ ရမ်းဗြဲဘက်အခြမ်း နောက်ပြီးရင် ကျောက်ဖြူဘက်အခြမ်း နောက်ထပ် ဒီဘက်ကိုလည်း ကျနော်တို့ သွားပြီးတော့ ကူနိုင်တယ်။ အခုဆိုရင် တောင်ကုတ်ခရိုင်ဘက်ပေါ့။ ကျနော်တို့ဘက်မှာ project တွေက ကုန်သွားပြီ။ အဲ့ဒါကြောင့် ကျနော်တို့က အရပ်ဖက် အဖွဲ့အစည်းတွေအနေနဲ့ပဲ ဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းပြီးတော့ အဲ့ဒီလို လှူရမယ့် ပလန်ကိုချထားတယ်။ အဲ့ဒါကြောင့် ကျနော်တို့မှာ အရေးပေါ် လူဦးရေ ငါးထောင်ကျော်စာလောက်ကို ဆန် အ‌ရေးပေါ်ပြဿနာ ဖြစ်နေတယ်” ဇင်ချောင်းလူငယ်ပရဟိတအသင်း ဥက္ကဌ ကိုနိုင်လင်းထွန်းက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ကျောက်ဖြူမြို့နယ် စစ်ရှောင် camp ၈ နေရာမှာ စစ်ရှောင် သုံးသောင်းဝန်းကျင်အပြင် ရမ်းဗြဲမြို့နယ်အတွင်း စစ်ရှောင် သောင်းဂဏန်းဝန်းကျင်ခန့် ရှိတယ်လို့ သိရပါတယ်။

အဆိုပါ စစ်ရှောင်များအနက် စစ်ရှောင် ၅၁၀၀ ဦးအတွက် ဆန် ၆ တောင်းဝင် အိတ် ၁၆၀၀ လောက် လိုအပ်နေပြီး ၆ တောင်းဝင် အိတ်တစ်အိတ်ကို ၁ သိန်း ၁ သောင်းလောက် ကျသင့်မယ်လို့ ဆိုပါတယ်။

ပြည်တွင်း ပြည်ပမှ အလှူရှင်များအနေဖြင့် ကူညီ လှူဒါန်းပေးကြဖိုလည်း ဇင်ချောင်းလူငယ်ပရဟိတအသင်းက မေတ္တာရပ်ခံထားပါတယ်။

ဓာတ်ပုံ – ဇင်ချောင်းလူငယ်ပရဟိတအသင်း

Related posts

ကပစ ၁၄ ကို ရှော့တိုက်ဒုံးနဲ့ CDF – Asho တိုက်ခိုက်

Rakhita Times

ညီနောင်မဟာမိတ်ဖွဲ့တာ ၁၅ နှစ် ရှိပြီ

Rakhita Times

ရက္ခိုင်မှာ ဆန်ပြတ်လပ်နိုင်လား

Rakhita Times

Leave a Comment