EnvironmentHealthNewsPolitic

ကျောက်တော်က တိုက်ပွဲရှောင်စခန်းတချို့ သောက်သုံးရေလိုအပ်နေ

ကျောက်တော်က တိုက်ပွဲရှောင်စခန်းတချို့ သောက်သုံးရေလိုအပ်နေ

အာရက္ခတိုင်းမ်စ် (၁၄ နိုဝင်ဘာ ၂၀၂၄ ခုနှစ်)

ရက္ခိုင်ပြည် ကျောက်တော်မြို့ရှိ တိုက်ပွဲရှောင်စခန်းတချို့မှာ သောက်သုံးရေလိုအပ်နေပြီး မကြာခင် ကာလအတွင်း သောက်သုံးရေ ပြတ်လပ်သွားနိုင်တယ်လို့ တိုက်ပွဲရှောင်နေသူတွေက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

လက်ရှိမှာ မိုးရွာသွန်းမှုမရှိသလို ရာသီဥတုဟာ ပူပြင်းပြီး တိုက်ပွဲရှောင်ဦးရေဟာလည်း တိုးလာတဲ့အတွက် သောက်သုံးရေအဖြစ် အသုံးပြုနေတဲ့ ရေကန်တွေထဲမှာ ရေဟာ နည်းပါးလာနေပြီဖြစ်တယ်လို့ တောင်မင်း ကုလား တိုက်ပွဲရှောင်စခန်းက တိုက်ပွဲရှောင်တစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ကန်ထဲမှာကတော့ အရင်တုန်းကဆို ရေအပြည့်ပဲ မိုးရွာတာကို။ အခုကတော့ မိုးမရွာတော့ ၁၀ ပုံမှာ ၆ ပုံပဲ ကျန်တော့တယ်။ ၄ ပုံကတော့ ကုန်သွားပြီ။ အရင်တုန်းကဆို ဒီအချိန်က ရေအပြည့်။ အခု တန်ဆောင်မုန်း၊ နတ်တော်၊ ပြာသို အဲဒီလို ၃ လ၊ ၄ လ အဲဒီလောက်ဆို ခမ်းနိုင်တယ် ရေက။ တအားခမ်းတာ” လို့ ပြောပါတယ်။

တိုက်ပွဲရှောင်ဦးရေဟာ အရင်ရှိနေတဲ့လူဦးရေထက် ပိုမိုတိုးလာနေပြီး တောင်မင်းကုလားစခန်းတစ်ခုတည်းမှာ တိုက်ပွဲရှောင် ၅၀၀ ဦးခန့်ရှိတယ်လို့ သိရပါတယ်။

လူဦးရေ တိုးလာခြင်းနဲ့အမျှ အသုံးပြုရတဲ့ ပမာဏဟာလည်း ပိုမိုများပြားလာတာဖြစ်ပါတယ်။

တိုက်ပွဲရှောင်ကြတဲ့အထဲမှာ ကျောက်တော် ဒေသခံတွေအပြင် တခြားမြို့၊ ရွာတွေက ဒေသခံလူထုတွေပါ ပြောင်းရွှေ့လာကြတာဖြစ်တဲ့အတွက် သူတို့တွေဟာ ပိုမို ဒုက္ခရောက်တယ်လို့လည်း တိုက်ပွဲရှောင်တွေက ပြောပါတယ်။

“တချို့တွေဆို ထင်းခွေတယ်၊ ထင်းရောင်းတယ်။ ထင်းရောင်းပြီးတော့မှ ဆန်ဝယ်တယ်။ တချို့တွေကြ တော့လည်း စပါးရိတ်ဖို့ ဘာညာပေါ့ နေ့စားတွေရိတ်တယ်။ ဒါပေမယ့် နေ့စားကလည်း အမြဲနေ့စားမရပါဘူး။ ၃ ရက်တစ်ခါ ၄ ရက်တစ်ခါ အဲဒီလိုမျိုးရတယ်။ သူတို့တွေ ဒီလိုပဲ လည်ပတ်ပြီးတော့ စားကြတယ်။ ဒါပေမယ့် မလုံလောက်ဘူး။ လူသစ်တွေဆို ဘူးသီးတောင်တို့၊ မောင်တောတို့ အသစ်လာတဲ့ လူတွေဆိုရင် သူတို့မှာ ဘာတစ်ခုမှ မရှိဘူး။ သူတို့က ပိုပြီးခက်ခဲတယ်၊ ညီမတို့ထက် သူတို့က ပိုခက်ခဲတယ်” လို့ သူက ပြောပါတယ်။

ဒါ့အပြင် မကြာခင်မှာ ဆောင်းရာသီ ရောက်ရှိတော့မှာဖြစ်တဲ့အတွက် အဝတ်အထည်တွေ၊ စောင်တွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ တိုက်ပွဲရှောင် ကလေးသူငယ်တွေဟာ နှာစေး၊ ချောင်းဆိုးတာနဲ့ ဖျားနာတဲ့ ဝေဒနာတွေကို ခံစားနေရကြောင်းလည်း သိရပါတယ်။

Related posts

အာရက္ခတပ်တော်နဲ့ စစ်ကောင်စီတို့ တွေ့ဆုံဆွေးနွေးရေး မဖြစ်နိုင်သေး

Rakhita Times

တောင်ကုတ်မှ ရိုးလမ်းကိုဖြတ်ကျော်ပြီး စစ်ဘေးရှောင်ထွက်ပြေးနေသူတွေ ခရီးလမ်းကြမ်းတမ်းမှုကြောင့် လမ်းမှာသေဆုံးသွားသူများရှိနေ

Rakhita Times

စစ်ကောင်စီရဲ့ ဗုံးဒဏ်ကြောင့် ဆင်ခေါင်းရွာ ရွာလုံးကျွတ်ပျက်စီး

Rakhita Times

Leave a Comment