BusinessNews

ရက္ခိုင်တပြည်လုံး ပုဂ္ဂလိကဘဏ် လည်ပတ်မှု ရပ်ဆိုင်း

ရက္ခိုင်တပြည်လုံး ပုဂ္ဂလိကဘဏ် လည်ပတ်မှု ရပ်ဆိုင်း

အာရက္ခတိုင်းမ်စ် (၁၉ နိုဝင်ဘာ ၂၀၂၄ ခုနှစ်)

ရက္ခိုင်ပြည်အတွင်းက မြို့နယ် ၁၇ မြို့နယ်လုံးမှာ ပုဂ္ဂလိကဘဏ် လည်ပတ်မှုတွေရပ်ဆိုင်းသွားပြီဖြစ်တယ်လို့ သိရပါတယ်။

နောက်ဆုံး ကျန်နေတဲ့ ကျောက်ဖြူမြို့နယ်မှာရှိတဲ့ KBZ၊ CB၊ AGD၊ ဧရာဝတီ၊ ကမ္ဘာ့ရတနာ စတဲ့ ပုဂ္ဂလိကဘဏ်တွေအာလုံးကလည်း နိုဝင်ဘာလ ၁၅ ရက်နေ့ကစလို့ ပိတ်ထားလိုက်ပြီလို့ ဒေသခံတွေက ပြောပါတယ်။

ရက္ခိုင်ပြည်ရဲ့ မြို့တော်ဖြစ်တဲ့ စစ်တွေမြို့မှာဆိုရင်လည်း လျှပ်စစ်မီးမရတာ၊ အင်တာနက်ပြတ်တောက်တာနဲ့ လုံခြုံရေးအခြေအနေတွေကြောင့် ပြီးခဲ့တဲ့ မတ်လကတည်းကပဲ ပုဂ္ဂလိကဘဏ်တွေအပါအဝင် မြန်မာ့စီးပွားရေးဘဏ်ပါ ပိတ်ထားတယ်လို့ စစ်တွေဒေသခံတွေထံကနေ သိရပါတယ်။

ရက္ခိုင်မှာ ဘဏ်တွေ ပိတ်သိမ်းသွားတဲ့အတွက် Wave Money နဲ့ KBZ Pay တွေကနေ ငွေထုတ်တဲ့အခါမှာ ကော်မရှင်ခ အဆမတန် ပေးရတယ်လို့ စစ်တွေဒေသခံ ဦးစောနိုင်က ပြောပါတယ်။

“မရှိတာ ကြာပြီ။ စစ်တွေက ပိတ်ထားတာ တစ်နှစ်တောင် ပြည့်တော့မယ်။ အားလုံး မရတော့ဘူး၊ မရှိတော့ဘူး ကျောက်ဖြူက နောက်ဆုံးပဲ။ မြန်မာ့စီးပွားရေးဘဏ်လည်း စစ်တွေမှာ ပိတ်သွားပြီ ကျနော်သိသလောက်။ ဟွန်ဒီနဲ့ အလုပ်လုပ်ကြတာပေါ့။ ပထမတော့ ရာခိုင်နှုန်းတွေ အများကြီး ပေးရတယ် ၁၀ ကဏန်းအထိ ပေးရတယ်။ နောက်ပိုင်းကျတော့ သိပ်မရှိတော့ဘူးလို့ ကြားတယ်။ လွှဲရင်တော့ စစ်တွေကတော့ သိပ်အခက်အခဲ မရှိဘူး။ ဖုန်းက ရလိုက်တချက်၊ မရလိုက်တချက်၊ ဘာလို့လဲဆိုတော့ လေယာဉ်လမ်းကြောင်း ရှိသေးတယ်လေ။ လွတ်မြောက်နယ်မြေတွေကျတော့ အခက်အခဲ ရှိတယ်။ ဒါပေမယ့် သူတို့ကျတော့လည်း လိုင်းကတဆင့် လုပ်ကြတယ်လို့ ကြားတယ်” လို့ အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ကျောက်ဖြူမြို့နယ်မှာဆိုရင်လည်း ပုဂ္ဂလိကဘဏ်တွေ မလည်ပတ်တော့တာ ကြာပြီဖြစ်ကြောင်း၊ အရင်က ဖွင့်တော့ ဖွင့်ထားပေမယ့် ငွေသွင်း၊ ငွေထုတ် လုပ်လို့မရဘူးလို့ သိရပါတယ်။

ဒါပေမယ့် ကျောက်ဖြူမြို့မှာလည်း စစ်ရေးအခြေအနေ တင်းမာလာတာကြောင့် ပုဂ္ဂလိကဘဏ်လုပ်ငန်းတွေအားလုံး အခုလ ၁၅ ရက်နေ့ကစပြီးတော့ လုပ်ငန်းစတင် ရပ်ဆိုင်းသွားပြီးတော့ အစိုးရရဲ့ မြန်မာ့စီးပွားရေးဘဏ်ပဲ ကျန်တော့ပါတယ်။

ဘဏ်လုပ်ငန်းတွေ လည်ပတ်မှု ရပ်ဆိုင်းသွားတဲ့အတွက် နောက်ပိုင်းမှာ ရက္ခိုင်ပြည်အတွင်း ငွေသားရှားပါးတာတွေ ဖြစ်ပေါ်ပြီး စီးပွားရေးကလည်း အကျဖက်ကို ဦးတည်လာနိုင်တယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

အခုလိုမျိုးပုဂ္ဂလိကဘဏ်တွေ ရပ်ဆိုင်းသွားတဲ့အတွက် ငွေသွင်း၊ ငွေထုတ် ခက်ခဲပြီး ငွေလည်ပတ်မှုတွေ မရှိတော့ရင် ဒေသခံတွေရဲ့ စီးပွားရေးလုပ်ငန်းတွေအားလုံးလည်း လည်ပတ်တာ ရပ်ဆိုင်းသွားနိုင်တယ်လို့ ကျောက်ဖြူဒေသခံ ကိုမင်းခိုင်က ပြောပါတယ်။

“လောလောဆယ်ကတော့ ဘဏ်တွေကတော့ နည်းနည်း jump ဖြစ်သွားပြီပေါ့။ ပိုက်ဆံထုတ်တာတို့ ဘာတို့ကျတော့ မရတော့ဘူးလေ။ K pay တို့ဘာတို့ wave money တို့ကပဲ အဲဒါတောင် အပြင်မှာပဲ ထုတ်နေရတာပေါ့ အများစုကတော့။ အနည်းဆုံးကတော့ ၅ ရာခိုင်နှုန်း ပေးရတာပေါ့။ ၁ သိန်းဆိုရင် ၅ ထောင် အနည်းဆုံးပေါ့။ နယ်ဘက်တွေမှာဆိုရင် ၇ ထောင်၊ ၈ ထောင် အဲဒီလို ပေးရတာ။ ပြောရမယ်ဆိုရင် ပုဂ္ဂလိကဘဏ်တို့ ငွေထုတ်တာတို့ ဘာတို့ မရတော့ဘူးဆိုလို့ရှိရင် စီးပွာရေး လည်ပတ်မှုတွေက အကုန်လုံး ရပ်ဆိုင်းသွားသလို ဖြစ်သွားမှာပေါ့။ အကုန်လုံး အခက်အခဲတွေ ရောက်ကုန်ကြမှာလေ။ ပြီးရင် မြန်မာ့စီးပွားရေးဘဏ်မှာလည်း သူတို့ ဘယ်လိုသတ်မှတ်ထားတယ်၊ ငွေတွေ ဘယ်လို ထုတ်လို့ရတယ်ဆိုတာတွေလည်း၊ ပြီးရင် ပုဂ္ဂလိကဘဏ်တွေမှာ ရှိတဲ့သူတွေကျတာ့ အကုန်လုံး ဒုက္ခရောက်ကုန်တာပေါ့။ ငွေမလည်ပတ်ဘူး ဖြစ်သွားမှာပေါ့” လို့ အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ကျောက်ဖြူမြို့ရဲ့ အနီးမှာရှိတဲ့ မအီ၊ ရမ်းဗြဲ စတဲ့ မြို့တွေကို အာရက္ခတပ်တော် အေအေက သိမ်းပိုက်ထားသလို ကျောက်ဖြူရဲ့ ကုန်းလမ်းထွက်ပေါက်ဖြစ်တဲ့ ဇင်ချောင်းဂိတ်ကိုလည်း အေအေက ထိန်းချုပ်ထားတယ်လို့ သိရပါတယ်။

ကျောက်ဖြူမြို့ရဲ့ အနီးနားက ရမ်းဗြဲမြို့နယ်ကိုလည်း အေအေက သိမ်းပိုက်ထားပြီးတော့ တောင်ကုတ်နဲ့ အမ်းမှာဆိုရင်လည်း တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတာပါ။

Related posts

KNDF ကို ညီနောင်မဟာမိတ် ဂုဏ်ပြု

Rakhita Times

ကျောက်ဖြူ ပြိုင်စေ့ကေစခန်း မကျစေရေး စစ်ကောင်စီနည်းပေါင်းစုံနဲ့ ခုခံနေ

Rakhita Times

ကျိန္တလီတွင် အမျိုးသားတဦး ရေနစ်သေဆုံး

Rakhita Times

15 comments

https://molchanovonews.ru/ မေ 27, 2026 at 6:21 မနက်

References:

Club online https://molchanovonews.ru/

Reply
jomowa.com ဇွန် 24, 2026 at 7:20 ညနေ

References:

Saratoga casino jomowa.com

Reply
https://mginger.org/@alexispenton09 ဇွန် 25, 2026 at 2:43 မနက်

References:

Diamond jo casino https://mginger.org/@alexispenton09

Reply
https://headlinelog.site ဇွန် 25, 2026 at 3:07 မနက်

References:

Legiano Casino Umsatzbedingungen https://headlinelog.site

Reply
https://viddertube.com/@cpwmichel0640?page=about ဇွန် 25, 2026 at 7:43 ညနေ

References:

Online vegas casino https://viddertube.com/@cpwmichel0640?page=about

Reply
http://www.qazaqpen-club.kz/ ဇွန် 26, 2026 at 12:16 ညနေ

References:

Legiano Casino Kritik http://www.qazaqpen-club.kz/

Reply
https://520live.net/@doyleasmus7375 ဇွန် 27, 2026 at 2:01 မနက်

References:

Legiano Casino Kritik https://520live.net/@doyleasmus7375

Reply
https://xonnon.com/ ဇွန် 27, 2026 at 7:16 မနက်

References:

Legiano Casino Bonus ohne Einzahlung https://xonnon.com/

Reply
oddmate.com ဇွန် 27, 2026 at 7:22 မနက်

References:

Legiano Casino Promo Code oddmate.com

Reply
https://bfreetv.com/ ဇွန် 27, 2026 at 11:45 မနက်

References:

Legiano Casino iPhone https://bfreetv.com/

Reply
https://www.muslimlove.com ဇွန် 27, 2026 at 12:34 ညနေ

References:

Legiano Casino Zahlungsmethoden https://www.muslimlove.com

Reply
christianmail.tv ဇွန် 27, 2026 at 3:57 ညနေ

References:

Legiano Casino Bewertung christianmail.tv

Reply
sweethartone.com ဇွန် 27, 2026 at 11:02 ညနေ

References:

Legiano Casino iPhone sweethartone.com

Reply

Leave a Comment