NewsPolitic

ဝန်ကြီးချုပ်ဟောင်း ဦးညီပု သမီးကို ရွေးတုအစိုးရ ထောင် ၅ နှစ် ထပ်မံချ

အာရက္ခတိုင်းမ်စ် (၇ ဇူလိုင် ၂၀၂၆)

ရက္ခိုင်ပြည် ဝန်ကြီးချုပ်ဟောင်း ဦးညီပုရဲ့ သမီးဖြစ်သူ မမိုးဆန်းစုကြည်ကို ဇူလိုင်လ ၆ ရက်က ရွေးတုအစိုးရရဲ့ ကမာရွတ်တရားရုံးကနေ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က) နဲ့ ထောင်ဒဏ် ၅ နှစ် ထပ်မံ ချမှတ်လိုက်တယ်လို့ သိရပါတယ်။

“ဟုတ်ပါတယ်။ ၂၀၂၅ ၈ လပိုင်းက လွတ်ရက်စေ့ပေမယ့် ပြန်မလွှတ်ပေးဘူး။ အခုလည်း ထောင် ၅ နှစ် ထပ်ချလိုက်တယ်လို့ ပြောပါတယ်။ မနေ့က အမိန့်ချလိုက်တာ” လို့ မမိုးဆန်းစုကြည်ရဲ့ ဆွေမျိုးတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

မမိုးဆန်းစုကြည်ကို ၂၀၂၁ ခုနှစ် မေလ ၉ ရက်က ရန်ကုန်မြို့ ကမာရွတ်မြို့နယ်ရှိ တိုက်ခန်းတစ်ခုတွင် ဖမ်းဆီးခံရပြီးနောက် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅-(က)၊ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁) နဲ့ ထောင်ဒဏ် ၆ နှစ် ချမှတ်ခဲ့ပါတယ်။

၂၀၂၃ ခုနှစ် ဇွန်လ ၉ ရက်မှာတော့ အင်းစိန်အကျဉ်းထောင်ကနေ သာယာဝတီအကျဉ်းထောင်ကို ပြောင်းရွှေ့ခံခဲ့ရပါတယ်။ ၂၀၂၅ ခုနှစ် သြဂုတ်လတွင် လွတ်ရက်စေ့ပေမယ့် ရွေးတုအစိုးရဟာ သူမကို လွှတ်ပေးခြင်း မရှိခဲ့ပါဘူး။

မမိုးဆန်းစုကြည်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ လူငယ်တာဝန်ခံတစ်ဦးလည်း ဖြစ်ပါတယ်။

Related posts

AA ထောက်ပို့ ဗိုလ်ယက္ခလို့ ခေါ်ဆိုနေသူဟာ အတာ ဆိုသူဖြစ်ပြီး တရားခံပြေးသာဖြစ်တယ်လို့ ဦးခိုင်သုခပြော

Rakhita Times

မင်းတုန်းတိုက်ပွဲမှာ သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းတွေကို AA ထုတ်ပြန်

Rakhita Times

လေးမျက်နှာတွင် မြေမြှုပ်မိုင်းနင်းမိလို့ ရက္ခိုင်စစ်ရှောင် ၂ ဦး သေဆုံး

Rakhita Times

131 comments

Leave a Comment