NewsPolitic

သံတွဲမြို့ကို စစ်ကောင်စီဗုံးကြဲ၊ အမျိုးသမီး ၁ ဦး သေဆုံး

အာရက္ခတိုင်းမ်စ် (၁၈ ဒီဇင်ဘာ ၂၀၂၄)

ရက္ခိုင်ပြည် သံတွဲမြို့ကို မနေ့က (၁၇ ဒီဇင်ဘာ) စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးလာကြဲသဖြင့် အမျိုးသမီး ၁ ဦးသေဆုံးပြီး နေအိမ်အချို့ လုံးဝ ပျက်စီးသွားကြောင်း သိရပါတယ်။

သေဆုံးသူမှာ အမှတ် ၇ ရပ်ကွက် ဗောဓိကုန်း ရေအားလမ်းနေ အသက် ၇၀ အရွယ် သူနာပြုဆရာမ ဒေါ်ခင်မာရီဖြစ်ကြောင်း သိရပါတယ်။

“သေဆုံးသူရဲ့ အိမ်တည့်တည့်ကို ကျတာ။ အပြာဝတ်သူနာပြုဆရာမလေ အရင်က။ သူ့အိမ်နဲ့ ကပ်ရပ်အိမ်တွေဆိုလည်း အကုန်ကုန်တာပဲ။ အရင်နေ့တွေကလည်း လာလာဝဲတာ။ မနေ့ကတော့ ချသွားတာ။ ဒီမှာက ရခိုင်ပြည်နယ်နေ့ကတည်းက လာချမယ်ဆိုပြီး ကြောက်နေကြတာ” လို့ သံတွဲဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ဒီဇင်ဘာ ၁၇ရက် နေ့လည် ၁နာရီခန့်က စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာလေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံး လာရောက်ကြဲတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“ပျက်စီးသွားတဲ့အိမ်ထဲက တစ်အိမ်က ကောင်းမှကောင်းထမင်းဆိုင် နဲ့ ခမီးခမက်အိမ်။ အကုန်လုံးကို ပျက်စီးသွားတာ၊ ဒီနေ့မနက် (၁၈ ဒီဇင်ဘာ) အစောကြီး ၁ နာရီလောက်မှာလည်း အဲနေရာကို ထပ်လာချသေးတယ်။” လို့ သံတွဲဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

သံတွဲမြို့ကို စစ်ကောင်စီမှ နိုဝင်ဘာ ၂၉ရက် က လေယာဥ်ဖြင့် ဗုံး ၂ လုံး လာရောက် ကြဲခဲ့ပြီး စက်တင်ဘာလ ၂၆ ရက် မနက်ပိုင်းက ဒွါရာဝတီမြို့တော်ခန်းမ နဲ့ သဘာဝပတ်ဝန်းကျင်ရုံးကို လေယာဥ်နဲ့ ဗုံးကျဲမှုကြောင့် အရပ်သားပြည်သူ ၁၄ ဦး သေဆုံးခဲ့ပြီး လူဦးရေ ၃၀ နီးပါး ဒဏ်ရာရရှိခဲ့ပါတယ်။

ထို့အတူ အောက်တိုဘာလ ၂၄ရက် မနက် ၄နာရီကျော်ကလည်း စစ်ကောင်စီရဲ့ လေယာဥ်မှ ဗုံးကျဲမှုကြောင့် သံတွဲမြို့ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး နဲ့ စစ်သားစုဆောင်းရေးရုံးတို့လည်း ပျက်စီးခဲ့သလို နိုဝင်ဘာ ၁၀ မနက် ၃ နာရီခန့်က စစ်ကောင်စီမှ လေယာဥ်ဖြင့် ဗုံးလာကြဲသဖြင့် ၃ နေရာပေါက်ကွဲခဲ့ပြီး ဒေသခံပြည်သူ ၂ ဦး သေဆုံးကြောင်း သိရပါတယ်။

သံတွဲမြို့ကို အာရက္ခတပ်တော်က ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၆ ရက်နေ့ကတည်းက အပြီးတိုင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က မကြာခဏဆိုသလို လေကြောင်းနဲ့ လာရောက် ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်နေပါတယ်။အာရက္ခတိုင်းမ်စ် (၁၈ ဒီဇင်ဘာ ၂၀၂၄)

ရက္ခိုင်ပြည် သံတွဲမြို့ကို မနေ့က (၁၇ ဒီဇင်ဘာ) စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးလာကြဲသဖြင့် အမျိုးသမီး ၁ ဦးသေဆုံးပြီး နေအိမ်အချို့ လုံးဝ ပျက်စီးသွားကြောင်း သိရပါတယ်။

သေဆုံးသူမှာ အမှတ် ၇ ရပ်ကွက် ဗောဓိကုန်း ရေအားလမ်းနေ အသက် ၇၀ အရွယ် သူနာပြုဆရာမ ဒေါ်ခင်မာရီဖြစ်ကြောင်း သိရပါတယ်။

“သေဆုံးသူရဲ့ အိမ်တည့်တည့်ကို ကျတာ။ အပြာဝတ်သူနာပြုဆရာမလေ အရင်က။ သူ့အိမ်နဲ့ ကပ်ရပ်အိမ်တွေဆိုလည်း အကုန်ကုန်တာပဲ။ အရင်နေ့တွေကလည်း လာလာဝဲတာ။ မနေ့ကတော့ ချသွားတာ။ ဒီမှာက ရခိုင်ပြည်နယ်နေ့ကတည်းက လာချမယ်ဆိုပြီး ကြောက်နေကြတာ” လို့ သံတွဲဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ဒီဇင်ဘာ ၁၇ရက် နေ့လည် ၁နာရီခန့်က စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာလေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံး လာရောက်ကြဲတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“ပျက်စီးသွားတဲ့အိမ်ထဲက တစ်အိမ်က ကောင်းမှကောင်းထမင်းဆိုင် နဲ့ ခမီးခမက်အိမ်။ အကုန်လုံးကို ပျက်စီးသွားတာ၊ ဒီနေ့မနက် (၁၈ ဒီဇင်ဘာ) အစောကြီး ၁ နာရီလောက်မှာလည်း အဲနေရာကို ထပ်လာချသေးတယ်။” လို့ သံတွဲဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

သံတွဲမြို့ကို စစ်ကောင်စီမှ နိုဝင်ဘာ ၂၉ရက် က လေယာဥ်ဖြင့် ဗုံး ၂ လုံး လာရောက် ကြဲခဲ့ပြီး စက်တင်ဘာလ ၂၆ ရက် မနက်ပိုင်းက ဒွါရာဝတီမြို့တော်ခန်းမ နဲ့ သဘာဝပတ်ဝန်းကျင်ရုံးကို လေယာဥ်နဲ့ ဗုံးကျဲမှုကြောင့် အရပ်သားပြည်သူ ၁၄ ဦး သေဆုံးခဲ့ပြီး လူဦးရေ ၃၀ နီးပါး ဒဏ်ရာရရှိခဲ့ပါတယ်။

ထို့အတူ အောက်တိုဘာလ ၂၄ရက် မနက် ၄နာရီကျော်ကလည်း စစ်ကောင်စီရဲ့ လေယာဥ်မှ ဗုံးကျဲမှုကြောင့် သံတွဲမြို့ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး နဲ့ စစ်သားစုဆောင်းရေးရုံးတို့လည်း ပျက်စီးခဲ့သလို နိုဝင်ဘာ ၁၀ မနက် ၃ နာရီခန့်က စစ်ကောင်စီမှ လေယာဥ်ဖြင့် ဗုံးလာကြဲသဖြင့် ၃ နေရာပေါက်ကွဲခဲ့ပြီး ဒေသခံပြည်သူ ၂ ဦး သေဆုံးကြောင်း သိရပါတယ်။

သံတွဲမြို့ကို အာရက္ခတပ်တော်က ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၆ ရက်နေ့ကတည်းက အပြီးတိုင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က မကြာခဏဆိုသလို လေကြောင်းနဲ့ လာရောက် ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်နေပါတယ်။

Related posts

ရက္ခိုင်မြောက်ပိုင်းထက် တောင်ပိုင်းတိုက်ပွဲရှောင်များ ပိုအခက်အခဲဖြစ်နေ

Rakhita Times

အမ်းဌာနချုပ်ကို စစ်ကူလာတဲ့ စစ်ကောင်စီ ကြားဖြတ်တိုက်ခိုက်ခံရ၍ ၉ ဦးသေဆုံး

Rakhita Times

ဘင်္ဂလားဒေ့ရှ်နယ်စပ် တစ်ခုလုံးကို AA အပြည့်အဝ ထိန်းချုပ်၊ စစ်ကောင်စီ ဗိုလ်မှူးချုပ် အဆင့်အထိ ဖမ်းဆီးရမိ

Rakhita Times

Leave a Comment