အာရက္ခတိုင်းမ်စ် (၈ ဖေဖော်ဝါရီ ၂၀၂၅)
ရက္ခိုင်ပြည် AA ထိန်းချုပ်ထားတဲ့ လွတ်မြောက်နေမြေတွေမှာ ယာဉ်စည်းကမ်းလိုက်နာရန်အတွက် လမ်းဆုံ လမ်းခွများတွင် ဆိုင်းဘုတ်များ လုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။
“အယ်လဖာ ၃ စစ်ဒေသ အတွင်းမှာ စပြီးတော့ လုပ်ဆောင်နေပါတယ်။ လူငယ်တွေက ဆိုင်ကယ်တွေကို ကြမ်းကြမ်းမောင်းကြတယ်။ ဦးထုတ်လည်း မဆောင်းချင်ကြဘူး။ အခုလို လုပ်ဆောင်တာကို ကြိုဆိုပါတယ်။ မလိုက်နာရင် အရေးယူစေချင်တယ်” လို့ ကျောက်တော်မြို့ ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
အာရက္ခတပ်တော်က ယာဉ်စည်းကမ်းအနေနဲ့ ဆိုင်ကယ်စီးရင် ဆိုင်ကယ်ဦးထုတ်ဆောင်းရန်၊ လူနှစ်ယောက်ထက် ပိုမစီးရန်၊ ဆိုင်ကယ်ဦးထုတ် မေးသိုင်းကြိုးတပ်ရန်၊ မြို့တွင်းတွင် ၂၀ ကီလိုမီတာ နဲ့ မြို့ပြင်တွင် ၆၀ကီလိုမီတာထပ် ပိုမမောင်းရန် နဲ့ ညဘက်တွင် မီးထွန်းမောင်းရန် စတာတွေကို စည်းကမ်းထုတ်တာပဲ ဖြစ်ပါတယ်။
ရက္ခိုင်ပြည် ပေါက်တောမြို့တွင် ဇန်နဝါရီလ ၂၉ရက် ညနေက ဆိုင်ကယ်တိုက်လို့ ဒေသခံပြည်သူ ၃ ဦး ဒဏ်ရာ ပြင်းထန်ရရှိခဲ့ပါတယ်။
အာရက္ခတပ်တော် အနေနဲ့ လွတ်မြောက်နယ်မြေတွေမှာ ရပ်ရွာသန့်ရှင်းရေး၊ လမ်းပန်းဆက်သွယ်ရေး၊ မိုင်းရှင်းလင်းရေး၊ မိုင်းအသိပညာပေး၊ ယာဉ်စည်းကမ်းအသိပညာပေး လုပ်ငန်းတွေကို စဉ်ဆက်မပြတ် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

1 comment
Площадка работает как kraken darknet market с escrow защитой всех транзакций