NewsPolitic

ကျောက်ဖြူနဲ့ ရသေတောင်ကို စစ်ကောင်စီ ဗုံးကျဲ

အာရက္ခတိုင်းမ်စ် (၁၃ မေ ၂၀၂၅)

ရက္ခိုင်ပြည် ကျောက်ဖြူနဲ့ ရသေ့တောင်ကို စစ်ကောင်စီက ဒီကနေ့ မေ ၁၃ ရက်မှာ ‌ဝေဟင်ကနေ ဗုံးကျဲခဲ့တဲ့အတွက် အရပ်သားသေဆုံးမှုတွေ ရှိနေပါတယ်။

ဒီကနေ့ မနက် ၄ နာရီမှာ ကျောက်ဖြူမြို့နယ် လိပ်ခမော်ရွာဟောင်းမှာ ရှိတဲ့ ဘုန်းကြီးကျောင်းကို စစ်ကောင်စီက ဒရုန်း အသုံးပြုပြီး ဗုံးကျဲချခဲ့တဲ့အတွက် ဘုန်းကြီးကျောင်းဆောင် မီးလောင်ကျွမ်းခဲ့ရပါတယ်။

မနက် ၁၀ နာရီ၀န်းကျင်မှာတော့ စစ်ကောင်စီက ရသေ့တောင်မြို့နယ် ထွန်းရ‌ဝေ ရွာဟောင်းကို ဂျက်ဖိုက်တာနဲ့ ဗုံးကျဲခဲ့တဲ့အတွက် အရပ်သား ပြည်သူ တစ်ဦး သေဆုံးပြီး လေး‌ယောက်ထက်မနည်း ဒဏ်ရာ ရရှိနေတယ်လို့ ကနဦးသတင်းအရ သိရှိရပါတယ်။

ဒဏ်ရာ ရသူများ အတွင်း ကလေးငယ်တစ်ဦး ပါ၀င်ပြီး ထပ်တိုးသေဆုံးသူနှင့် ဒဏ်ရာရသူတွေကို အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

ဗုံးကျဲတိုက်ခိုက်တာကြောင့် လူနေအိမ် ၁၀ လုံးခန့် ပျက်စီးခဲ့တယ်လို့ ကနဦး သိရပါတယ်။

Related posts

အာရက္ခအားမာန် ရဲဘော် ကျော်ဟန် အပိုင်း ၃၈

Rakhita Times

ပဒါန်းက စစ်ကူလာတဲ့ စစ်ကူ ကား ၂ စီး AA စောင့်ကြိုတိုက်ခိုက်၊ လက်နက်နဲ့ အလောင်းအချို့ ရရှိ

Rakhita Times

ဒစ်ဂျစ်တယ် မိုဘိုင်းငွေကြေးအပေါ် ပြည်သူတွေ ယုံကြည်မှုမရှိ‌

Rakhita Times

5 comments

Leave a Comment