EnvironmentNewsPolitic

ရက္ခိုင်မှာ မိုးဆက်ကြီးနိုင်

အာရက္ခတိုင်းမ်စ် (၂၂ ဇွန် ၂၀၂၅)

ကပ္ပလီပင်လယ်ပြင် နဲ့ ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုန်လေအားကောင်းနေတဲ့အတွက် ရက္ခိုင်ပြည်တွင် မိုးဆက်လက်ကြီးနိုင်တယ်လို့ မိုးလေဝသဌာနက ဒီကနေ့ မွန်းလွဲပိုင်းက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

“ ဒီနေ့ မွန်းတည့်ချိန်က စတင်ပြီး နောက် ၂၄ နာရီ အတွင်းမှာ မုတ်သုန်လေကြောင့် ရက္ခိုင်ပြည်အနှံ့ မိုးထစ်ချုန်းရွာပြီး နေရာကွက်ကြား မိုးကြီးနိုင်ပါတယ်။ ရွာရန် ရာနှုန်းပြည့် ဖြစ်ပါတယ်” လို့လည်း ဖော်ပြထားပါတယ်။

မိုးရွာနေစဉ်အတွင်း ရက္ခိုင်ကမ်းရိုးတန်းတလျောက်မှာ ရေပြင်တွင် လေတိုက်နှုန်း တောင်ဖက် (သို့မဟုတ်) အနောက်တောင်သို့ တနာရီ ၁၅ မိုင်ကနေ မိုင် ၃၀ အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာလည်း ၁၀ ပေကနေ ၁၂ ပေ အထိ မြင့်တက်နိုင်တယ်လို့လည်း သိရပါတယ်။

အလားတူ မိုးကြီးခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ မိုးထစ်ချုန်းခြင်း စတဲ့ မိုးလီဝသဖြစ်စဉ်ပါ ဖြစ်ပေါ်နိုင်တယ်လို့လည်း မိုးလေဝသဌာနကနေပြီးတော့ သတိပေးထားပါတယ်။

Related posts

အာရက္ခတပ်တော်နဲ့ စစ်ကောင်စီတို့ တွေ့ဆုံဆွေးနွေးရေး မဖြစ်နိုင်သေး

Rakhita Times

AA က မီးဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်

Rakhita Times

လင်းသာ ဗုံးကြဲမှုဖြစ်စဉ်တွင် သေဆုံးခဲ့သူတွေအတွက် ကုသိုလ်ပြု အမျှဝေ

Rakhita Times

1 comment

Leave a Comment