BusinessNewsPolitic

လွတ်မြောက်နယ်မြေက ပြည်သူတွေ အင်တာနက်သုံးနိုင်ရန် AA လုပ်ဆောင်နေ

အာရက္ခတိုင်းမ်စ် (၁၉ ဇူလိုင် ၂၀၂၅)

ရက္ခိုင်ပြည်က လွတ်မြောက်နယ်မြေက ပြည်သူတွေ အင်တာနက်သုံးစွဲနိုင်ရန်အတွက် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေနဲ့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

“သံတွဲ၊ တောင်ကုတ်၊ ဂွဖက်မှာ ပြည်သူတွေ အင်တာနက်သုံးလို့ရ‌အောင် နည်းပညာအဖွဲ့တွေ လုပ်ဆောင်နေတယ်။ မကြာခင်တော့ သုံးလို့ရတော့မှာပါ။ တနာရီကိုတော့ သုံးစွဲခအနေနဲ့ ၂၀၀၀ ကျပ် သတ်မှတ်ထားပါတယ်” လို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ နည်းပညာအဖွဲ့ဝင်တဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မင်းပြား၊ မြေပုံ စတဲ့ မြို့နယ်တွေမှာတော့ အရင်က အင်တာနက်အသုံးပြုခ တနာရီကို ကျပ် တသောင်းအထိ ပေးသုံးရပေမယ့် အခုအခါမှာတော့ တနာရီကို ၂၀၀၀ ကျပ်နှုန်း သတ်မှတ်လိုက်ပြီလည်း ဖြစ်ပါတယ်။

“အဓိကကတော့ လုံခြုံရေးဦးစားပေး စဉ်းစားရတာပေါ့။ ပြည်သူတွေ အထိမနာမယ့် နေရာရွေးရတယ်။ သွားလာရေးလည်း လွယ်ကူရမယ်။ လုံခြုံရမယ်။ စတာတွေ အကြိမ်ကြိမ် စစ်ဆေးပြီးမှ လုပ်ဆောင်နေတာပါ။ သိမ်မကြာတဲ့ အချိန်တခုမှာ သုံးလို့ရတော့မှာပါ” လို့ သူက ထပ်မံ ပြောပါတယ်။

ရက္ခိုင်ပြည်တွင် ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်က စတင်တဲ့ တကျော့ပြန်တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ကုန်ပိုင်းခန့်က စတင်ကာ စစ်ကောင်စီက မြို့နယ်တချို့တွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ ဖြတ်တောက်ခဲ့ပြီး လက်ရှိအခြေအနေတွင်လည်း လုံခြုံရေးအခြေအနေကြောင့် အင်တာနက်နဲ့ ဖုန်းအသုံးပြုခွင့်ကို အာရက္ခတပ်တော်က ထိန်းချုပ်ထားပါတယ်။

Related posts

စစ်တွေက ကျေးရွာနဲ့ ရပ်ကွက်အချို့ စစ်ကောင်စီက ဖိအားပေး ပြောင်းရွေ့ခိုင်း

Rakhita Times

လာမယ့် ပွင့်လင်းရာသီမှာ စကမက လေကြောင်းဗုံးကြဲမှုတွေ ပိုလုပ်လာနိုင်

Rakhita Times

မင်အောင်လှိုင်ဟာ ဗုဒ္ဓဘာသာ သာသနာ့ဒါယိကာ မဟာပုရိသ တဦးလို့ စောမြရာဇာလင်းပြော

Rakhita Times

2 comments

rent yacht montenegro 39 မေ 5, 2026 at 7:26 ညနေ Reply
Jamesveits မေ 9, 2026 at 11:15 မနက် Reply

Leave a Comment