အာရက္ခိုင်းမ်စ် (၂၈ ဇူလိုင် ၂၀၂၅)
ရက္ခိုင်ပြည် မင်းပြားမြို့နယ်ရှိ ပန်းမြောင်းကြီးချောင်းတလျောက် ရေကြီးနေတယ်လို့ ဒေသခံတွေက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“ပန်းမြောင်းကြီးချောင်းတလျောက်မှာရှိတဲ့ ရွာထဲကို ရေတွေဝင်နေတယ်။ ခုထိတော့ ပြန်မကျသေးဘူး။ မိုးကလည်း တောက်လျောက်ရွာနေတာဆိုတော့လေ” လို့ မင်းပြားမြို့ ဒေသခံတဦးက ပြောပါတယ်။
လက်ရှိ ရေကြီးနေတဲ့ ရွာတွေကတော့ ချင်းဆိပ်၊ တောတန်း၊ ဒုံကြီး၊ မြင်းကဆိပ်၊ ဝါးတောင်၊ အသေကာလ နဲ့ မင်းဖူးကျေးရွာတို့ ဖြစ်ပါတယ်။
အလားတူ ဇူလိုင်လ ၉ ရက်ကလည်း မင်းပြားမြို့နယ်က ကျေးရွာပေါင်း ၁၄ ရွာ ရေနစ်မြုပ်ခဲ့ပါတယ်။
“ ၂၀၁၅ တုန်းကလည်း ရေအကြီးအကျယ်ကြီးဖူးတယ်။ အဲတုန်းက သောက်ရေကန်တွေထဲကို ဆားငံရေတွေဝင်လို့ ရေကန်တွေ အကုန်ဖော်ရတယ်။ အဲတုန်းကတော့ ပရဟိတအဖွဲ့တွေ လာကူပေးကြတယ်။ အခုအနေအထားနဲ့ လာကူပေးကြဖို့ကလည်း မလွယ်ဘူး။ စက်သုံးဆီဈေးကလည် မိုးပေါ်မှာဆိုတော့ သောက်ရေကန်ကို ဆားငံရေဝင်မှာပဲ စိုးရိမ်နေရတယ်” လို့ မင်းပြားမြို့နယ် ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
ရက္ခိုင်ပြည်တွင် ၂၀၂၅ ခုနှစ် ဇွန်လကုန်က စတင်ပြီး မိုးသည်းထန်စွာ ရွာသွန်းလို့ လူဦးရေ ၁၂၀၀၀ ကျော် အရေးပေါ် အကူညီလိုနေတယ်လို့လည်း သိရပါတယ်။
“လက်ရှိ ရေလွှမ်းမိုးခံရတဲ့ ဒေသများကို HDCO က သွားရောက်ပြီး အရေးပေါ်အကူအညီများ ဆောင်ရွက်မှုနဲ့အတူ ရေဘေးသင့် အချက်အလက်များကိုပါ ကောက်ခံလျက်ရှိပါတယ်။ လက်ရှိ ကောက်ခံထားတဲ့ စာရင်းများအရ ဒုက္ခသည်စခန်းများ အပါအဝင် ကျေးရွာ (၉၀) က အိမ်ထောင်စု (၃,၄၆၁) စု၊ လူဦးရေ (၁၂,၂၄၉) ဦး ရေဘေးသင့်လျက် ရှိပါတယ်” လို့ HDCO က ဆိုပါတယ်။
၂၀၂၅ ခုနှစ၊ ဇွန်လကုန်က စတင်ပြီး မိုးများစွာ ရွာသွန်းမှုကြောင့် တောင်ကုတ်၊ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော စတဲ့ မြိုနယ်တွေမှာ ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိပြီး ရေလွှမ်းမိုးမှုကြောင့် နေအိမ်များ ပျက်စီးခြင်း၊ စပါးခင်းများ ပျက်စီးခြင်း၊ လမ်း၊ တံတားများ ပျက်စီးပြီး လမ်းပန်းဆက်သွယ်ရေးများ ပြတ်တောက်ခြင်းများအပြင် လူသေဆုံးမှုမျာင် ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
Photo – APM

5 comments
References:
Casino app echtgeld android
References:
http://dudoser.com/user/mailburn44/
References:
How to use dianabol
References:
https://postheaven.net/authorbeef5/finding-trenbolone-suppliers-a-2024-guide
References:
Toronto casino
References:
https://blogfreely.net/robinroot1/online-casino-echtgeld-auszahlung-so-gehts
References:
Google com nl
References:
https://xxxbold.com/brazzers-maze-dolly-lusting-for-a-fucking-6-5-8-4-1-e-3-0-8-4-2-c-8-c-b/
References:
Eqc casino
References:
https://arabsfans.com/@jettdavey16428