အာရက္ခတိုင်းမ်စ် (၂၈ ဇူလိုင် ၂၀၂၅)
ရက္ခိုင်ပြည်၊ စစ်တွေမြို့မှာ နောက်လာမယ့်သင်္ဘောတွေကနေ စတင်ကာ ကုန်တင်၊ ကုန်ချစရိတ်တွေ မြင့်တက်တော့မှာဖြစ်တဲ့အတွက် ကုန်တွေလည်း ဈေးလိုက်တက်တော့မှာဖြစ်တယ်လို့ ကုန်စိမ်း ရောင်းချသူတွေထံကနေ သိရပါတယ်။
အရင်က စစ်တွေမြို့ကို ကုန်တွေတင်ဆောင်လာတဲ့ သင်္ဘောတွေ မရောက်ခင်အချိန်မှာသာ ကုန်ဈေးနှုန်းတွေဟာ မြင့်တက်ခဲ့တာဖြစ်ပြီး ကုန်တင်သင်္ဘောတွေ ရောက်လာချိန်မှာ ဈေးပြန်ကျလေ့ရှိတာပါ။
ဒါပေမယ့် နောက်လာမယ့်သင်္ဘောတွေကနေစပြီး ကုန်ဈေးနှုန်းတွေဟာ အရင်ကလို ပြန်ကျတော့မှာ မဟုတ်ဘူးလို့ စစ်တွေ ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“နောက်သင်္ဘောတွေကစပြီး တက်မယ်လို့ပြောတယ်။ ဈေးရောင်းတဲ့သူတွေ ဈေးသည်တွေက ပြောတာ။ အခုဒီဈေးနဲ့ ဥပမာ အာလူး တစ်ပိဿကို တစ်သောင်းနှစ်ထောင်ဆိုရင် နောက်သင်္ဘောလာလို့ရှိရင် တစ်သောင်းနှစ်ထောင် ရချင်မှ ရတော့မယ်တဲ့။ ဘာဖြစ်လို့လဲမေးတော့ သင်္ဘောတင်ခတွေ ဈေးကြီးမယ်တဲ့၊ သင်္ဘောတင်ခတစ်မျိုး၊ ပိဿလိုက်တင်ခတစ်မျိုး ကုန်တင်၊ ကုန်ချဈေးနဲ့ ဘာနဲ့ဆိုတော့ ဒီဈေးရချင်မှ ရတော့မယ်တဲ့။ အကုန်လုံး ဈေးတက်မယ်ပေါ့၊ ဆီတွေလည်း ဈေးတက်မယ်ပေါ့ အဲဒီလိုမျိုးပြောတယ်” လို့ သူက ပြောပါတယ်။
လက်ရှိမှာတော့ ပြီးခဲ့တဲ့လတွေက သင်္ဘောမရောက်လာခဲ့တဲ့အတွက် ၃ စီးကနေ ၄ စီးခန့် ရောက်ရှိနေပြီး ဆန်အပါအဝင် ကုန်ပစ္စည်း အများအပြားပါဝင်လာတဲ့အတွက် ကုန်ဈေးနှုန်းတွေက ထိုက်သင့်သလောက် ကျဆင်းနေတာဖြစ်ပါတယ်။
ရက္ခိုင်မှာ ၂၀၂၃ ခုနှစ်က စတင်တဲ့ တကျော့ပြန်တိုက်ပွဲဖြစ်ပွားကတည်းက စစ်ကောင်စီဟာ လေကြောင်းလမ်းတစ်ခုကလွဲပြီး ကျန်လမ်းကြောင်းတွေအားလုံးကို ပိတ်ထားတာ အခုထိဖြစ်ပါတယ်။
ဒါပေမယ့် ဒေသတွင်းလူထုတွေ စားဝတ်နေရေးအတွက် ရေလမ်းကြောင်းကနေတဆင့် ကုန်တင်သင်္ဘောတွေကို ရာသီဥတုအခြေအနေပေါ်မူတည်ကာ စစ်ကောင်စီဘက်မှ စေလွှတ်ပေးနေဖြစ်ပါတယ်။
လက်ရှိ ဒေသတွင်းစားဝတ်နေရေးအရ ကုန်တင်၊ ကုန်ချသမားတွေရဲ့ နှုန်းထား ဈေးတက်တဲ့အပေါ် အပြစ်ပြောလို့မရကြောင်းလည်း စစ်တွေဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“အခုဒီလိုမျိုး စရိတ်တွေ၊ စားစရိတ်တွေ ကြီးတဲ့အချိန်မှာကြတော့ ကုန်တင်ခဈေးက တစ်ရက်ကို တစ်သောင်းဆိုရင် အရင်တုန်းက တစ်သောင်းပေးရရင် အခု သူတို့လည်း စားဖို့သောက်ဖို့ အဆင်ပြေအောင်လို့ နှစ်သောင်း ပုံစံမျိုးနဲ့ လုပ်ချင်လုပ်ရမှာပေါ့။ တစ်သောင်းခွဲဖြစ်ချင်ဖြစ်သွားမှာပေါ့။ ဆိုတော့ သူတို့ဈေးတက်တော့ ဒီဘက်ကလည်း ကုန်ဈေးနှုန်းက အလိုအလျောက် တက်သွားပြီးသား ဖြစ်သွားပြီလေ” လို့ သူက ပြောပါတယ်။
လက်ရှိ စစ်တွေမြို့မှာတော့ အင်တာနက်လိုင်းပြန်လည်မရရှိသေးသလို ဖုန်းလိုင်းဟာလည်း MPT ဆင်းကဒ် အမျိုးအစား တစ်ခုတည်းသာ ဆက်သွယ်လို့ရနေပြီး စစ်ကောင်စီရဲ့ Mytel ဆင်းကဒ်ကတော့ တချို့နေရာတွေမှာ ဆက်သွယ်လို့ရကြောင်းလည်း သိရပါတယ်။
လာမယ့် နိုဝင်ဘာ ၁၃ ရက်နေ့မှာ ၂ နှစ်ပြည့်တော့မယ့် ရက္ခိုင်ပြည်ရဲ့ တစ်ကျော့ပြန် တိုက်ပွဲတွေကြားမှာ ပိတ်မိနေတဲ့ ဒေသခံလူထုတွေကတော့ အလုပ်အကိုင် ဝင်ငွေမရှိ၊ ကုန်ဈေးနှုန်းမြင့်တက်မှုတွေနဲ့ အလူးအလဲခံစားနေကြရပါတယ်။

6 comments
References:
Beste Echtgeld Casino App
References:
https://enoticias.space/item/486361
https://lebull.com.mx/
Tal como indica la resena presentada, Lebull representa un establecimiento virtual de apuestas y sitio de pronosticos deportivos que se desempena en Mexico ofreciendo un listado de mas de 10,000 titulos, una herramienta movil integral y proveedores de primer nivel como Pragmatic Play, NetEnt y NolimitCity.
References:
Rocketplay casino prepaid cards neosurf
References:
https://writeablog.net/toylaura55/rocketplay-neosurf-withdrawal-guide
References:
Achat stéroïdes france
References:
https://doc.adminforge.de/s/zQbPvsvbWj
References:
Weight lifting steriods
References:
https://rentry.co/rkekbdfd
References:
Penny slots
References:
https://srsbkn.eu.org/mauriciol63703