NewsPolitic

မြောက်ဦးကို ဗုံးကြဲတာဟာ စစ်ကောင်စီရဲ့ စက်ဆုပ်ရွံရှာဖွယ်လုပ်ရပ်လို့ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ ဆို

အာရက္ခတိုင်းမ်စ် (၂၇ သြဂုတ် ၂၀၂၅)

ရက္ခိုင်ပြည် မြောက်ဦးမြို့ ဒိုင်းကျီရပ်ကွက်ကို စစ်ကော်မရှင်က သြဂုတ်လ ၂၅ ရက်က ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချခဲ့လို့ ဒေသခံပြည်သူ ၁၄ ဦး သေဆုံးခဲ့ပါတယ်။

အထက်ပါ ဖြစ်စဥ်နဲ့ပတ်သက်ပြီး ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂက ဒါဟာ အကြမ်းဖက်စစ်ကောင်စီရဲ့ စက်ဆုပ်ရွံရှာဖွယ်လုပ်ရပ်ဖြစ်တယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

“အကြမ်းဖက်စစ်ကောင်စီရဲ့ စက်ဆုပ်ရွံရှာဖွယ်လုပ်ရပ်ဟာ ကလေးငယ်တွေရဲ့ လုံခြုံရေးပိုင်းဆိုင်ရာ ချိုးဖောက်ခံရမှုတွေ၊ ကျောင်းသားလူငယ်တွေရဲ့ အနာဂတ်ကို အကြမ်းဖက်စစ်ကောင်စီ ပီသစွာဖြင့် စစ်ရာဇဝတ်ကျူးလွန်ခြင်းအား အကြိမ်ကြိမ်အခါခါ မျက်မြက်ထင်ရှား တွေ့မြင်ခဲ့ရပြီဖြစ်တယ်” လို့ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂက ဆိုပါတယ်။

ထို့အပြင် “အကြမ်းဖက် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ရပ်ကွက်အတွင်းရှိ လူနေအိမ်များနဲ့ ကလေး၊ သူငယ်၊ ကျောင်းသား/သူ၊ သက်ကြီးရွယ်အိုများဟာ သေကြေပျက်စီး ဆုံးရှုံးမှု များစွာရှိခဲ့ရပြီး ထိုကဲ့သို့ စစ်ကောင်စီရဲ့ စစ်ရာဇဝတ် ကျူးလွန်မှုများကို မိမိတို့ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂက ပြင်းထန်စွာ ရှုတ်ချအပ်ပါတယ်” လို့လည်း ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီဟာ လူမျိုးတုံးသတ်ဖြတ်မှု ပုံစံပြုလုပ်နေသကဲ့သို့ လေကြောင်းအန္တရာယ် ပြုလုပ်မှုတွေကို အာရက္ခပြည်သူလူထုနဲ့တကွ ပြည်မလူထုတွေရဲ့ အသက်အိုးအိမ်တွေကို နည်းလမ်းမျိုးစုံဖြင့် စစ်ရာဇဝတ် ကျူးလွန်မှုတွေကို ဆက်တိုက် လုပ်ဆောင်လျက် ရှိနေတယ်လို့လည်း ဆိုပါတယ်။

သေဆုံးသွားတဲ့ ကျောင်းသားလူငယ်တွေ၊ ပြည်သူလူထုတွေနဲ့ ဒဏ်ရာရရှိခဲ့တဲ့ မိဘပြည်သူတွေ ဝမ်းနည်းခံစားခဲ့ရသလို မိမိတို့ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂအနေနဲ့လည်း ထပ်တူ ဝမ်းနည်းကြေကွဲရပါကြောင်း ဆိုပါတယ်။

Related posts

နတ်ရေကန်ရဲ့ ခြေကုပ်စခန်းတခု AA သိမ်းပိုက်

Rakhita Times

စစ်တွေလူထု ရွေးကောက်ပွဲကို စိတ်မဝင်စား၊ စစ်ဖြစ်ဖို့သာ မျှော်လင့်

Rakhita Times

ဝမ်းတွင်း စမုံမြစ်ရေ စိုးရိမ်ရေမှတ် ရောက်နိုင်

Rakhita Times

5 comments

rent yacht montenegro 933 မေ 5, 2026 at 11:31 ညနေ

yacht rental Montenegro https://rent-a-yacht-montenegro.com

Reply
Jamesveits မေ 9, 2026 at 11:27 မနက်

универ новая общага смотреть зверополис

Reply
Charleshaire မေ 9, 2026 at 11:32 မနက်

принцеса і жаба поганий хлопець і я 1

Reply
uakino 83 မေ 9, 2026 at 2:16 ညနေ

джо пикетт клікбейт

Reply
Robertguirm ဇူလိုင် 7, 2026 at 6:14 ညနေ

Everything for Minecraft https://topminecraftworldseeds.com in one place: mods, skins, maps, texture packs, and the best seeds for survival, creativity, and adventure. Collections of popular add-ons, installation instructions, updates, and secure downloads for different versions of the game.

Reply

Leave a Comment