BusinessNewsPolitic

မူဆယ် – မန္တလေး – ကျောက်ဖြူ ရထားလမ်း စီမံကိန်းတွေကို အကောင်အထည်ဖော်နေတယ်လို့ မင်းအောင်လှိုင် ပြော

အာရက္ခတိုင်းမ်စ် (၁ စက်တင်ဘာ ၂၀၂၅)

ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ်မှာ စစ်ကော်မရှင်နဲ့ အာရက္ခတပ်တော်တို့ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေပေမယ့် စစ်ခေါင်းဆောင်က မူဆယ် – မန္တလေး – ကျောက်ဖြူ ရထားလမ်းစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

ဩဂုတ်လ ၃၁ ရက်နေ့က တရုတ်နိုင်ငံ တီယန်ကျင်းမြို့မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေ တွေ့ဆုံစဥ်မှာ ပြောခဲ့တာ ဖြစ်ပါတယ်။

ဆက်လက်ပြီးတော့လည်း စစ်ခေါင်းဆောင်က တိုက်ပွဲ ပြင်းထန်နေတဲ့ ကျောက်ဖြူမှာ ကျောက်ဖြူ – ကူမင်း ရထားလမ်းစီမံကိန်းကို ဆက်လက်အကောင်အထည်ဖော်ဖို့အတွက် တရုတ်အစိုးရကို တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံက ကုန်းတွင်းပိတ်နိုင်ငံ ဖြစ်တာကြောင့် မြန်မာနိုင်ငံကနေတဆင့် ပင်လယ်ထွက်ပေါက် ရနိုင်ပြီး ကျောက်ဖြူ – ကူမင်းရထားလမ်းစီမံကိန်းက တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက် ပေါ်ပေါက်လာဖို့ အလားအလာဖြစ်တယ်လို့ ပြောပါတယ်။

လက်ရှိမှာ တရုတ်-မြန်မာနယ်စပ်ဒေသ မတည်ငြိမ်မှုတွေကြောင့် တရုတ် ယူနန်ပြည်စီးပွားရေးကို ထိခိုက်နေ​တဲ့အတွက် နှစ်နိုင်ငံနယ်စပ်ဂိတ်တွေ ပြန်လည်ဖွင့်လှစ်နိုင်မယ်ဆိုရင် ကုန်စည်စီးဆင်းမှုတွေ အရင်ကထက်ပိုပြီး တိုးတက်အောင် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

အဲဒါအပြင် မြန်မာနိုင်ငံရဲ့ အရှေ့မြောက်ဒေသကနေတဆင့် တရုတ် ယူနန်ပြည်နယ်၊ စီချွမ်ပြည်နယ်၊ ချုံချင့်မြူနီစပယ်ဒေသ၊ ကွမ်းရှီပြည်နယ်၊ နန်နင်းမြို့အထိကို ကုန်သွယ်ရေးလမ်းကြောင်း တိုးချဲ့နိုင်မှာ ဖြစ်တယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

လက်ရှိမှာ မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း၊ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း၊ ရေနံနှင့်သဘာ၀ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းတို့ကို အကောင်အထည်ဖော်နေတယ်လို့လည်း သိရပါတယ်။

တရုတ်လုပ်ငန်းရှင်တွေအနေနဲ့ မြန်မာနိုင်ငံကို စီးပွားရေးလုပ်ငန်းတွေ လာရောက်ရင်းနှီးမြှုပ်နှံကြဖို့နဲ့ နစ်နာမှုမရှိအောင် ဆောင်ရွက်ပေးသွားမယ်ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံကို ရောက်နေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်၊ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မိုဒီ အပါအဝင် လာအိုနိုင်ငံ သမ္မတတို့နဲ့ သီးသန့် တွေ့ဆုံဆွေးနွေးမှုတွေကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

Related posts

ရက္ခိုင်မှာ စစ်ကောင်စီအုပ်ချုပ်ရေးအာဏာ ဆက်ပြီးကိုင်စွဲထားဖို့ မဖြစ်နိုင်

Rakhita Times

လေးမျက်နှာတွင် စစ်ရေးရှုံးနိမ့်လာလို့ ကွင်းကောက်က စစ်သင်တန်းကျောင်းကို ခံစစ်စခန်းပုံစံ ပြင်ဆင်နေ

Rakhita Times

မင်းပြားမြို့နယ်ကို ဂျက်ဖိုက်တာ ၄ စီးနဲ့ ဗုံးကြဲ(Breaking News)

Rakhita Times

4 comments

Gerrywar ဧပြီ 1, 2026 at 9:49 ညနေ

https://888starz.net.co/
888Starz Colombia representa una plataforma de casino online y casa de apuestas que cuenta con mas de 9.500 juegos disponibles, abarcando tragamonedas en linea, ruletas y mesas con croupier real asi como una extensa oferta deportiva que cubre desde la Liga BetPlay pasando por la Champions League y los esports.

Reply
UFCOdds ဧပြီ 2, 2026 at 2:33 မနက်

https://ufc327odds.com/
This Miami-held light heavyweight title fight at UFC 327 offers a genuine pick’em for those placing wagers, as ex-champion Jiri Prochazka (-142) and surging knockout artist Carlos Ulberg (+120) get set to battle for the open belt. The tight odds highlight how evenly matched these two stand-up fighters happen to be, making this fight where a bet on either competitor ultimately comes down to which devastating approach you anticipate will emerge victorious.

Reply
BwinBet ဧပြီ 10, 2026 at 8:26 ညနေ

https://bwin-bet.com.co/
Bwin Bet opera como un casino virtual y sitio de apuestas a eventos deportivos establecido en Colombia desde el ano 2026 , actuando con el respaldo de Coljuegos , lo cual brinda un marco legal y protegido a los usuarios .

Reply
rent yacht montenegro 994 မေ 5, 2026 at 10:56 ညနေ

rent a yacht Montenegro yacht charter Montenegro

Reply

Leave a Comment