NewsPolitic

ပြိန်းချောင်းရွာ လူသတ်တရားခံ အချုပ်ခန်းက ထွက်ပြေး

အာရက္ခတိုင်းမ်စ် (၂ စက်တင်ဘာ ၂၀၂၅)

ရက္ခိုင်ပြည် ကျောက်တော်မြို့နယ်ရှိ ပြိန်းချောင်းရွာတွင် ဓားပြတိုက် လူသတ်တရားခံ အချုပ်ခန်းထဲနေ ထွက်ပြေးသွားတယ်လို့ ကနဦး သတင်းရရှိပါတယ်။

“အခု တရားခံက သူသတ်ပါတယ်လို့လည်း ဝန်ခံထားတယ်။ လက်ခံပစ္စည်းနဲ့လည်း အတူတူ မိထားတာပါ” လို့ ကျောက်တော်မြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ထွက်ပြေးသွားတဲ့ လူသတ် တရားခံဟာ ဇူလိုင်လ ၂၄ ရက်က လူသတ် ဓားပြတိုက်ကာ ရွှေ ၃ ကျပ်သားကျော်နဲ့ ငွေသားအချို့ ယူဆောင်သွားသူ ဖြစ်တယ်လို့လည်း သိရပါတယ်။

“ဝန်ခံထားတဲ့ လူတယောက်ကို တရားရုံးချိန်းပေါင်း ခေါ်ဆိုပြီးတော့ တရားမစီရင်ခင်မှာ ထွက်ပြေးတာဆိုတော့ တရားမစီရင်ချင်လို့လားလို့ မေးခွန်းထုတ်ချင်တယ်” လို့ ကျောက်တော်မြို့ နောက်ထပ် ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ထွက်ပြေးသွားတဲ့ လူသတ်တရားခံဟာ အသက် ၃၅ နှစ် အရွယ် ကိုညီညီစိုး ဖြစ်ပြီး ဇာတိကတော့ ကြာညိုပြင်ရွာဖြစ်ပြီးတော့ အမှုမဖြစ်ခင်အထိ ပြိန်းချောင်းရွာတွင် ကြုံရာကျပန်း လုပ်ကိုင် စားသောက်နေသူဖြစ်တယ်လို့ သိရပါတယ်။

Related posts

ရက္ခိုင်သို့ တင်ပို့တဲ့ ကုန်ပစ္စည်းတွေကို ဘင်္ဂလားဒေ့ရှ် ဆက်တိုက် ဖမ်းဆီး

Rakhita Times

တရားမဝင် ဝင်ရောက်ငါးဖမ်းလို့ အရေးယူထားတဲ့ ဘင်္ဂလားဒေ့ချ်ရေလုပ်သား (၇၃) ယောက်ကို ဘင်္ဂလားဒေ့ချ်နယ်ခြားစောင့်တပ်ထံ AA ပြန်လည်လွှဲအပ်

Rakhita Times

တောင်ကုတ်ကို စစ်ကောင်စီ ဗုံးကြဲ၊ စစ်ရှောင် ၂ ဦးသေ၊ ၂၀ ခန့် ဒဏ်ရာရ

Rakhita Times

215 comments

Leave a Comment