NewsPolitic

ပုဏ္ဏားကျွန်းက ရွာ ၃ ရွာကို စကမဗုံးကြဲ

အာရက္ခတိုင်းမ်စ် (၂၃ ဒီဇင်ဘာ ၂၀၂၅)

ရက္ခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ်က ကျေးရွာ ၃ ရွာကို စစ်ကော်မရှင်က ဒီဇင်ဘာလ ၂၂ ရက် ညနေပိုင်းတွင် ပေါင် ၃၀၀ ဗုံး ၆ လုံးကြဲချခဲ့တယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။

“ ကြဲချခံလိုက်ရတဲ့ ရွာတွေကတော့ ဆင်အင်းကြီး၊ ကွမ်းတောင် နဲ့ ခမောင်းတော ရွာတွေဖြစ်ပါတယ်။ နေအိမ်တွေတော့ ပျက်စီးတာရှိတယ်။ လူတော့ ထိခိုက်ဒဏ်ရာ ရရှိတာ မရှိပါဘူး” လို့ ပုဏ္ဏားကျွန်းမြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကော်မရှင်ဟာ ပုဏ္ဏားကျွန်းမြို့နယ် ဆင်အင်းကြီးရွာကို ညနေ ၅ နာရီ မိနစ် ၄၀ ခန့်က ပေါင် ၃၀၀ ဗုံး ၂ လုံး၊ ၆ နာရီ မိနစ် ၂၀ ခန့်မှာ ကွမ်းတောင်ရွာကို ပေါင် ၃၀၀ ဗုံး ၂ လုံး နဲ့ ည ၇ နာရီ မိနစ် ၂၀ ခန့်မှာ ခမောင်းတောရွာကို ပေါင် ၃၀၀ ဗုံး ၂ လုံး ကြဲချခဲ့တာလည်း ဖြစ်ပါတယ်။

အဆိုပါ စစ်ကော်မရှင်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကွမ်းတောင်ရွာက ဦးခင်မောင်နု နဲ့ ဦးမောင်ကျော်ဝင်းတို့ရဲ့ နေအိမ် ၂ လုံး ပျက်စီးခဲ့ပါတယ်။

Related posts

ပေါက်တောက မွတ်ဆလင်ရေလုပ်သား ၆ ဦးကို စကမ ထပ်မံဖမ်းဆီး

Rakhita Times

ချင်းတွင်းမြစ်ရဲ့ ရေနဲ့ငါးသယံဇာတ ဘာတွေဖြစ်နေလဲ

Rakhita Times

ရက္ခိုင်ကို စစ်ရာဇဝတ်မှု ကျူးလွန်နေတဲ့ စကမ ကို အရေးယူပေးရန် အဖွဲ့ပေါင်း ၂၀၉ ဖွဲ့ တောင်းဆို

Rakhita Times

3 comments

Leave a Comment