BusinessNewsPolitic

စစ်တွေမှာ မိုးတွင်းကာလကထက် အလုပ်အကိုင်တချို့ ပြန်ရလာ

အာရက္ခတိုင်းမ်စ် (၂၈ ဒီဇင်ဘာ ၂၀၂၅)

ပြီးခဲ့တဲ့ မိုးတွင်းကာလတွေမှာ ဒေသခံလူထုအများအပြား အလုပ်အကိုင်ရှားပါးခဲ့တဲ့ ရက္ခိုင်ပြည် စစ်တွေမြို့မှာတော့ အခုပွင့်လင်းရာသီအရောက်မှာ အလုပ်အကိုင်တချို့ ပြန်လည်ရရှိလာနေကြတယ်လို့ စစ်တွေဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“အလုပ်တွေကတော့ သူ့ဟာနဲ့သူ ပြန်လုပ်နေကြပါတယ်။ တချို့ဆိုရင်လည်း ကျောက်စလစ်ခဲလေးတွေ ထုခွဲကြတယ်။ လမ်းမှာ တူးကြတယ် ပြုကြတယ်။ အဲဒီလိုဟာ ကောက်ဝယ်တဲ့လူ ရှိတယ်။ ဘာအတွက် ဝယ်လည်းတော့ မသိဘူး။ အဲဒီလိုကောက်ဝယ်တဲ့လူ ရှိတယ်။ သူ့ဟာနဲ့သူကတော့ ပွင့်လင်းရာသီဆိုတော့ အကုန်အလုပ်တွေကတော့ သူ့ဟာနဲ့သူ လုပ်နေကြပါတယ်။ လုပ်လို့လည်း အဆင်ပြေနေကြတယ်။ တချို့ဆို ညစောင့်လုပ်တဲ့လူ ရှိတယ်။ တော်တော်များများ အလုပ်ရှိနေတဲ့ပုံစံမျိုး” လို့ သူက ပြောပါတယ်။

စစ်ကော်မရှင် ထိန်းချုပ်ထားဆဲဖြစ်တဲ့ စစ်တွေမြို့မှာ ကုန်ဈေးနှုန်း အဆမတန်မြင့်တက်လာမှုနဲ့အတူ အလုပ်အကိုင်အခွင့်အလမ်း လုံးဝ မရှိတဲ့အတွက် ဒေသခံတွေဟာ စားဝတ်နေရေးကို ပိုမိုဆိုးရွား ကြုံတွေ့ ခံစားနေရတာပါ။

ဆန်ဖိုး ဟင်းဖိုးမတတ်နိုင်တာကြောင့် မုန့်တီတမျိုးတည်းကိုသာ မိသားစုတစုလုံး စားသောက်ရတဲ့ အခြေအအနေတွေလည်း ရှိခဲ့ပါတယ်။

လက်ရှိမှာ စစ်တွေမြို့ရှိ လမ်းတွေကို ပြုပြင်ရာမှာလည်း နေ့စားအဖြစ် လုပ်သားခေါ်ယူတဲ့အတွက် အမျိုးသမီးရော အမျိုးသားတွေပါ လုပ်ကိုင်နေကြတာကို တွေ့ရတယ်လို့ စစ်တွေဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“အခုဆိုရင် စစ်တွေမှာ လမ်းလုပ်နေတယ်။ ပျက်စီးနေတဲ့ လမ်းတွေကို စည်ပင်ကနေပြီးတော့ လမ်းအသစ်တွေ ဖောက်တယ်။ လမ်းတွေကို ဖာထေးတဲ့ဟာတွေ ဖာထေးတယ်ပေါ့။ ပြုပြင်လို့ရမယ့်ဟာ အစ အဆုံး ပြုပြင်တယ်။ ခေါ်တယ်လေ အလုပ်မရှိတဲ့လူတွေကို။ တနေ့ဘယ်လောက်ကျ ၁ သောင်းခွဲဆို ၁ သောင်းခွဲ၊ ၁ သောင်းဆို ၁ သောင်းပေါ့။ အဲဒီလိုခေါ်ပြီးတော့ အမျိုးသမီးတွေရော၊ အမျိုးသားတွေရော လုပ်နေကြတာ တွေ့ပါတယ်။ တော်တော်များများ အလုပ်ကတော့ အဆင်ပြေနေကြပါတယ်” လို့ သူက ပြောပါတယ်။

၂၀၂၅-၂၀၂၆ ရက္ခိုင်ပြည် စစ်တွေမြို့မှာ လုပ်ငန်းကဏ္ဍ (၂) ခုနဲ့ နမူနာလုပ်ငန်းပေါင်း (၁၁၀) ကို ကောက်ယူခဲ့တဲ့ ကလေးလုပ်သားစစ်တမ်း အစီရင်ခံစာအရ ကလေးလုပ်သား (၁၆) ဦး တွေ့ရှိရပြီး (၃) ဦးဟာ စားဝတ်နေရေး အခက်အခဲကြောင့် အန္တရာယ်ရှိတဲ့ လုပ်ငန်းခွင်မှာ လုပ်ကိုင်နေရတာကို တွေ့ရှိရကြောင်း စကမ ခန့် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရက ပြောဆိုထားပါတယ်။

ဒါပေမယ့် မြေပြင်မှာတော့ ကလေးလုပ်သားတွေဟာ အဲဒီထက်မက ရှိနေကြောင်းလည်း ဒေသခံတွေထံက သိရပါတယ်။

Related posts

အစိုးရသစ်အပေါ် တရုတ်ရဲ့ ဗမာပြည်မဟာဗျူဟာ ဘယ်လိုဖြစ်လာနိုင်လဲ

Rakhita Times

သံတွဲကို စစ်ကောင်စီ ဗုံးကြဲပြီး စက်သေနတ်ဖြင့် ပစ်ခတ်ကြောင့် ၃ ဦးသေ၊ အများအပြား ဒဏ်ရာရ

Rakhita Times

ရက္ခိုင်ပြည်သူတွေ လေကြောင်းအန္တရာယ် ကြိုတင်ကာကွယ်ရန်နဲ့ လိုက်နာရန် AA တိုက်တွန်း

Rakhita Times

2 comments

Kak naiti cheloveka po nomery telefona_dbmi ဇွန် 4, 2026 at 5:54 ညနေ

пробить номер телефона местоположение kak-najti-cheloveka-po-nomeru-telefona-2.ru

Reply
shkola onlain_vlpa ဇွန် 4, 2026 at 5:54 ညနေ

школа онлайн дистанционное обучение школа онлайн дистанционное обучение

Reply

Leave a Comment