NewsPolitic

အများပြည်သူ အင်တာနက်သုံးစွဲတဲ့နေရာကို ဗုံးကြဲတိုက်ခိုက်မှုအပေါ် ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံးရှုံ့ချ

အာရက္ခတိုင်းမ်စ် (၂၇ ဇန်နဝါရီ ၂၀၂၆)

ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ အများပြည်သူ အင်တာနက်သုံးစွဲတဲ့နေရာကို ဗုံးကြဲတိုက်ခိုက်မှုအပေါ် ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံးက ရှုံ့ချ ပြောဆိုခဲ့ပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်၊ ပက်ခွက်ဆိပ်ရပ်ရွာ အနီးရှိ အများပြည်သူ အင်တာနက်သုံးစွဲတဲ့ နေရာကို ဒီက‌နေ့ ဇန်နဝါရီလ ၂၇ ရက်၊ နံနက် ၁ နာရီ ၂၀ မိနစ် ကျော်တွင် စစ်ကော်မရှင်ရဲ့လေတပ်က ဂျက်ဖိုက်တာ အသုံးပြုပြီး ပေါင် ၅၀၀ ဗုံးတလုံးနဲ့ ပေါင် ၃၀၀ ဗုံး နှစ်လုံး စုစုပေါင်း ဗုံး သုံးလုံး ကြဲချခဲ့တာလည်း ဖြစ်ပါတယ်။

“နိုင်ငံရပ်ခြားမှာ ရှိနေတဲ့ သား/သမီးများ ၊ ခင်ပွန်းများ ၊ မိဘများနဲ့ အဆက်အသွယ်ရစေရန် ၊ နိုင်ငံရပ်ခြားကနေ ငွေလွှဲ ငွေထုတ် ပြုလုပ်ရန် အာရက္ခပြည်သူများအတွက် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ဖွင့်လှစ်ပေးထားတဲ့ ပြည်သူ့ဝန်ဆောင်မှုနေရာကို ဦးတည်ထားတိုက်ခိုက်မှုဟာ အလွန်ရွံစရာကောင်းသော လုပ်ရပ်” လို့ ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံးက ဆိုပါတယ်။

အပြစ်မရှိတဲ့ ပြည်သူလူထုကို သတ်ဖြတ်ခြင်း ၊ ပြည်သူလူထုနဲ့ ဆက်စပ်တဲ့ နေရာတွေကို ဖျက်စီးခြင်းအပေါ် ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံးက ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုံ့ချတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Photo – One Nation News

Related posts

ဘူးသီးတောင်တွင် အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ်အားး အဓမ္မပြုကျင့်ခဲ့သူကို ဒီလပ် ဖမ်းဆီး

Rakhita Times

သံတွဲချောင်းရေ ပြန်တက်နေလို့ ဒေသခံတွေ စိတ်ပူနေ

Rakhita Times

ကုန်သည်တွေ သင်္ကြန်အတွက် ကုန်ကြိုစုနေလို့ ငွေထုတ်ခတွေ မြင့်တက်နေ

Rakhita Times

212 comments

Leave a Comment