HealthNewsPolitic

ယိုးငူရွာဖြစ်စဉ် သေဆုံးသူ ၁၉ ဦးထိ ရှိလာပြီး အရေးပေါ်လူနာတချို့ စိုးရိမ်နေရ

အာရက္ခတိုင်းမ်စ် (၃ မတ်လ ၂၀၂၆)

ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူရွာဖြစ်စဉ်မှာ သေဆုံးသူ ၁၉ ဦးထိ ရှိလာနေပြီး အရေးပေါ်လူနာတချို့ စိုးရိမ်ရတယ်လို့ ကူညီဆောင်ရွက်ပေးနေတဲ့ စာရေးဆရာဝေဟင်အောင်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၈ ရက်မှာ အသက် ၇ နှစ် အရွယ်ရှိ မအေးငြိမ်းသွယ် ထပ်မံသေဆုံးခဲ့တာကြောင့် လက်ရှိအချိန်အထိ သေဆုံးသူဦးရေဟာ ကျား/မ စုစုပေါင်း ၁၉ ဦး ရှိပြီလို့ သိရပါတယ်။

“ အရေးပေါ်လူနာထဲမှာလည်း နည်းနည်း စိုးရိမ်ရတဲ့ လူတွေ ရှိနေသေးတယ်ဗျ။ ဆေးရုံမှာ” လို့ စာရေးဆရာဝေဟင်အောင်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အပြစ်မဲ့ပြည်သူ ကျား/မ စုစုပေါင်း ၁၈ ဦး သေဆုံးခဲ့သလို အသက် ၇ နှစ် အရွယ်ကနေ အသက် ၆၀ အရွယ်ရှိ ကျား/မ စုစုပေါင်း ၁၅ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ အာရက္ခတပ်တော် AA က ဖေဖော်ဝါရီလ ၂၅ ရက်မှာ ကနဦး ထုတ်ပြန်ခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ မြေပြင်စာရင်းတွေအရ ဒဏ်ရာရရှိသူ ၂၇ ဦးထိရှိပြီး အရေးပေါ်လူနာအဖြစ် ဆေးကုသနေသူ ၈ ဦး ရှိတယ်လို့ စာရေးဆရာဝေဟင်အောင်က ဆိုပါတယ်။

Related posts

အာရက္ခတိုင်းမ်စ် သတင်းမှတ်စု (၅)

Rakhita Times

ရက္ခိုင်ပြည် မြောက်ဦး ရှေးဟောင်းနယ်မြေကို သန့်ရှင်းသာယာရေး ဆောင်ရွက်နေတဲ့ အာရက္ခသူ အာရက္ခသားများ

Rakhita Times

တောင်ကုတ်မြို့ပေါ်နဲ့ လုံးတော်ပေါက်ကို စစ်ကောင် ဗုံးကြဲတာ မှန်ကန်

Rakhita Times

Leave a Comment