NewsPolitic

ညောင်ကျိုး လေလာတောင်တိုက်ပွဲမှာ စကမ စစ်ကြောင်းလိုက်ပြုတ်၊ အင်အားထပ်ဖြည့်

အာရက္ခတိုင်းမ်စ် (၇ မေ ၂၀၂၆)

ပဲခူးတိုင်း ပန်းတောင်းမြို့နယ် ညောင်ကျိုးကျေးရွာက စကမရဲ့ ပင်မစခန်းကို အာရက္ခတပ်တော် နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေက သိမ်းပိုက်ထားတာဖြစ်ပြီး အဆိုပါ စခန်းကို စစ်ကော်မရှင်က ပြန်လည်ထိုးစစ်ဆင်ရန်အတွက် စစ်ကော်မရှင်က ထိုးစစ်ဆင်နေတယ်လို့ သိရပါတယ်။

“ ပြီးခဲ့တဲ့ ရက်အတွင်းက လေလာတောင်တိုက်ပွဲဖြစ်စဉ်မှာ ဆင်လန်စခန်းမှာ အခြေပြုခဲ့တဲ့ ရတခမရ ၅၈၄ တပ်ဟာ စစ်ကြောင်းလိုက် ပြုတ်သလောက် ဖြစ်သွားတဲ့အတွက် ပြန်လည်စုဖွဲ့မှုပြုလုပ်ရန် ပြန်ဆွဲချရဖို့ ရှိနေတယ်လို့ သိရှိရပါတယ်” လို့ CDM ဗိုလ်ကြီးဇင်ယော်က ဆိုပါတယ်။

စစ်ကော်မရှင်ဟာ မေလဆန်းက စတင်ကာ ကပစ ၆ ကနေ ညောင်ကျိုးကို လေလာတောင်ဖက်ကနေ ထိုးစစ်ဆင်နေတာလည်း ဖြစ်ပါတယ်။

“ မြေပြင်အခြေအနေကို ကြည့်ရရင် ပန်းတောင်းတပ်နယ် ညောင်ကျိုးဒေသသို့ စစ်အင်အား အလုံးအရင်း ဖြည့်တင်းမှု ပြုလုပ်လာခဲ့တာကို တွေ့ရပါတယ်။ဖြည့်တင်းမှုဆိုတာထက် တပ်အချိန်းအပြောင်း ပြုလုပ်တာလည်း ဖြစ်နိုင်ချေ ရှိပါတယ်။ တမြန်နေ့ မနက်ပိုင်းမှာ အင်အား ၈၀၀ ဝန်းကျင်ရှိတဲ့ စစ်ယာဉ်တန်း ၂၃ စီး ဥသျှစ်ပင်လမ်းဆုံ သို့ ရောက်ရှိလာခဲ့တာ တွေ့ရပါတယ်” လို့လည်း ဗိုလ်ကြီးဇင်ယော်က ဆိုပါတယ်။

အဆိုပါ စစ်ယာဉ်တန်းတွေဟာ ညောင်ကျိုးရိုး၊ ကပစ ၉ (ကျောက်ဖူး)၊ ကပစ ၆ (ညောင်ခြေထောက်) နဲ့ ပုသိမ် မုံရွာလမ်းအတိုင်း မင်းတုန်းဘက်ကို ဖြန့်ခွဲ ထွက်ခွာသွားပြီး တပ်အမှတ် နဲ့ အင်အား အသေးစိတ်ကိုတော့ စိစစ်နေဆဲဖြစ်တယ်လို့လည်း ဆိုပါတယ်။

ပဲခူးတိုင်း ဥသျှစ်ပင်မြို့ ညောင်ခြေထောက်ရွာတွင် တည်ရှိတဲ့ ကပစ (၆) ကို လေသာတောင်၊ ဆင်လန်တောင်၊ စန်းပတ်လက်တောင် စတဲ့ စခန်းတွေနဲ့ ကာထားတာလည်း ဖြစ်ပါတယ်။

အဆိုပါ ကပစ (၆) တွင် လက်နက်ငယ်ကျည်ဆန်အခွံနဲ့ ကြေးပြားများကို ထုတ်လုပ်ပေးတဲ့ သံမဏိစက်ရုံကို တရုတ်ပညာရှင်များက တည်ဆောက်ပေးထားတာလည်း ဖြစ်ပါတယ်။

Related posts

ရက္ခိုင်အမျိုးသမီး မစိုးစံသူ ပိုင်ဆိုင်တဲ့ တိုက်ခန်း ပြန်လည်ရရှိဖို့ လျှောက်လဲချက်တင်မယ်လို့ဆို

Rakhita Times

ARSA အဖွဲ့ ဖမ်းဆီး နှိပ်စက်သတ်ဖြတ်ပြီး စွန့်ပစ်ထားခဲ့ကြတဲ့ အာရက္ခပြည်သူ ရုပ်အလောင်း ၆ လောင်းတွေ့

Rakhita Times

ရန်ကုန် စက်သုံးဆီဈေး တလီတာကို ၇၀၀၀ ကျပ် ဖြစ်လာ

Rakhita Times

Leave a Comment